ထိုင်ဝမ်သည် ငြိမ်းချမ်းရေးနှင့်စစ်ပွဲ ကို ရွေးရတော့မည်ဟု သမ္မတဟောင်း ပြောလာ

0
264

ထိုင်ဝမ်၊ ဧပြီ ၇

စိုင်-မက္ကာသီ၏ တွေ့ဆုံပွဲကြောင့် တင်းမာမှုများမြင့်တက်လာချိန်တွင် ထိုင်ဝမ်သမ္မတဟောင်း မာယင်ဂျိုက ထိုင်ဝမ်သည် အနာဂတ်တွင် ငြိမ်းချမ်းရေးနှင့် စစ်ပွဲ နှစ်ခုထဲမှ တစ်ခုကို ရွေးချယ်ရတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မာသည် အဆိုပါ မှတ်ချက်အား ၁၂ ရက်ကြာ တရုတ်ပြည်ခရီးစဉ်အပြီး ရှန်ဟိုင်းမှ တိုင်ပေလေဆိပ်သို့ ပြန်ရောက်သည့် ဧပြီလ ၇ ရက် သောကြာနေ့တွင် ပြောလာခဲ့သည်။

“ကျွန်တော်တို့ရဲ့ အစိုးရဟာ ထိုင်ဝမ်ကို အန္တရာယ်တွင်းထဲ ဆွဲခေါ်နေပါတယ်။ ဒီကျွန်းဟာ မကြာမီ အနာဂတ်မှာ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲ နှစ်မျိုးထဲက တစ်မျိုးကို ရွေးချယ်ရတော့မယ်” ဟုဆိုကာ မာက စိုင်အင်ဝမ်၏ အစိုးရအပေါ် ပြစ်တင်ပြောဆိုခဲ့သည်။

မာပြောသည့်အတိုင်း တရုတ်ဘက်က သတိပေးနေသည့်ကြား တွေ့ဆုံပွဲ လုပ်ခဲ့သော သမ္မတ စိုင်အင်ဝမ်နှင့် အမေရိကန် အောက်လွှတ်တော်ဥက္ကဌ ကယ်ဗင် မက္ကာသီ တို့၏ လုပ်ရပ်သည် ယခုလက်ရှိ တရုတ်စစ်တပ်၏ ပြန်လည်တုံ့ပြန်မှုနှင့် ရင်ဆိုင်နေရသည်။ တရုတ်စစ်တပ်သည် ထိုင်ဝမ်ကျွန်းတစ်ဝိုက် စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များကို မနေ့ကရော ဒီနေ့ပါ နှစ်ရက်ဆက်တိုက် စေလွှတ်ထားသည်။

မာက ထိုင်ဝမ်သည် တရုတ်နိုင်ငံနှင့် အမြင်ချင်းတူသော နိုင်ငံရေး အခြေခံစနစ်များကို အတူကျင့်သုံးနိုင်ပြီး ထိုနည်းသည်သာ ထိုင်ဝမ်ပြည်သူ၏ အကျိုးစီးပွားအတွက် အကောင်ဆုံးဖြစ်လိမ့်မည်ဟုလည်း ပြောဆိုခဲ့သည်။

မာ၏ မှတ်ချက်များအပေါ် စိုင်၏ ပါတီက မာသည် ထိုင်ဝမ်ကို တရုတ်ပိုင်ဟု သတ်မှတ်ထားသော ပေကျင်းအစိုးရ၏ ကြံရာပါတစ်ဦးဖြစ်လာပြီဟု ဆိုကာ တုံ့ပြန်ထားသည်။

Source: Straitstimes


LEAVE A REPLY

Please enter your comment!
Please enter your name here