ရှားပါးသော တစ်စိတ်တစ်ပိုင်း နေကြတ်ခြင်းကို ဧပြီလ ၂၀ ရက်နေ့တွင် စင်ကာပူမှ မြင်ရမည်

0
239

ရှားပါးသော တစ်စိတ်တစ်ပိုင်း နေကြတ်ခြင်းကို ဧပြီလ ၂၀ ရက်နေ့ နံနက်နှောင်းပိုင်းနှင့် မွန်းလွဲပိုင်းများတွင် စင်ကာပူနိုင်ငံမှ မြင်တွေ့နိုင်မည်ဖြစ်ကြောင်း စင်ကာပူသိပ္ပံစင်တာမှ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ကြာသပတေးနေ့ (ဧပြီ ၆ ရက်)က ပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံ အနောက်ခြမ်း Exmouth မြို့ အပါအဝင် ကမ္ဘာ့နိုင်ငံအချို့မှလည်း ယင်းနေကြတ်ခြင်းကို မြင်တွေ့နိုင်သည်ဆိုကာမူ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ပါပူဝါနယူးဂီနီတို့မှမူ နေကြတ်ခြင်းကို ထင်ထင်ရှားရှားမြင်တွေ့ရမည်ဖြစ်သည်။

အဆိုပါ နေကြတ်မှုသည် စင်ကာပူစံတော်ချိန် နံနက် ၁၀ နာရီ ၅၄ မိနစ်တွင် စတင်မည်ဖြစ်ပြီး နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် အထွတ်အထိပ်သို့ ရောက်ရှိပြီး ၁၂ နာရီ ၅၈ မိနစ်တွင် ပြီးဆုံးမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here