ပျောက်ဆုံးနေသောဂျပန်စစ်ရဟတ်ယာဉ်၏အပျက်အစီးများအား တွေ့ရှိဟုဆို

0
120

တိုကျို၊ဧပြီ ၇

၆ ရက်နေ့က အိုကီနာဝါအနီးပင်လယ်ပြင်၌ပျက်ကျသွားသည်ဟုယူဆရသော ဂျပန်စစ်ရဟတ်ယာဉ် Black Hawk ၏အပျက်အစီးများအား ယနေ့တွင်ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။အသုံးမပြုရသေးသော အသက်ကယ်လှေတစ်စီး၊ရဟတ်ယာဉ်တံခါးနှင့် အခြားအပိုင်းအစများကို ရှာဖွေ့တွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူများကပြောကြားခဲ့သည်။

အဆိုပါရဟတ်ယာဉ်ပေါ်၌ စုစုပေါင်းလူ ၁၀ ယောက်ပါဝင်ပြီး ၎င်းတို့နှင့်ပတ်သက်သည့် အရိပ်အယောင်မျှမတွေ့ရသေးသော်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး မစ္စတာရာစုကာဇုဟာမာဒ ကသတင်းထောက်များအားပြောကြားခဲ့သည်။

ယင်းနောက်မစ္စတာဟာမာဒက ပျောက်ဆုံးနေသောလူ ၁၀ ဦးအားကယ်ဆယ်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားနေကြောင်းနှင့် အပျက်အစီးအတိုင်းအတာနှင့်ပတ်သက်သည့်အချက်အလက်များကို ဆက်လက်စုဆောင်းနေကြောင်းလည်းဖြည့်စွက်ပြောကြားခဲ့သည်။

Black Hawk ဟုလူသိများသော UH – 60JA တပ်ဖွဲ့၏သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်သည် ကြာသပတေးနေ့မွန်းလွဲပိုင်းက ဂျပန်နိုင်ငံတောင်ပိုင်းရှိကျွန်းများတွင် ကင်းထောက်မစ်လုပ်ငန်း တာဝန်ထမ်းဆောင်နေစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here