ရန်ကုန်မြို့ပတ်ရထားများ ပြေးဆွဲမှု သင်္ကြန်တွင် ရပ်နားမည်

0
188

ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှုများကို သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းပြေးဆွဲမှုရပ်နားသွားမည်ဖြစ် ကြောင်းရန်ကုန် ဘူတာကြီး၊ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က ပြောသည်။

ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့မှ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ထိ ရန်ကုန်မြို့ပတ် ရထားပြေးဆွဲမှုအားလုံးကို ရပ်နားသွားမည်ဖြစ်ကြောင်း၊ သင်္ကြန် ကာလပြီးပါက မြို့ပတ်ရထားတွေကို ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားကို ခေါက်ရေ ၃၀ ဖြင့်ပုံမှန်အတိုင်း ပြေးဆွဲပေးနေပြီး ခရီးသည်ဦးရေမှာလည်း ယခင်ထက်တိုးလာကြောင်း၊ယခင်က မြို့ပါတ်ရထားစီးနင်းခမှာ ၂၀၀ ကျပ်ဖြစ်ပြီး ယခုအခါ မြို့တစ်ပါတ်မပြေးဆွဲတော့ဘဲ ရန်ကုန်-အင်းစိန် ​ပြေးသည့်အတွက် ၁၀၀ ကျပ်သာသတ်မှတ်ထားကြောင်း သိရသည်။

ယင်းအပြင် သင်္ကြန်အထူးရထားပြေးဆွဲမှုအ‌နေဖြင့် ခရီးသည်အခြေအနေပေါ်မူတည်ကာ ဧပြီ ၁၀ ရက်အထိ ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိမှာတွင် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်နှင့်ရန်ကုန်-ပုဂံ အမြန်ရထားများတွင် ခရီးသည် လိုက်ပါစီးနင်းမှု များပြားနေကြောင်း ၎င်းကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here