စမ်းချောင်းမြို့နယ်ရှိ (၈)လွှာတိုက်ခန်းပေါ်မှ အမျိုးသမီး (၁) ဦးပြုတ်ကျ ဆေးကုသနေစဥ်သေဆုံး

0
224

ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊ ညောင်တုန်းလမ်းရှိ (၈) လွှာ တိုက်ခန်းတစ်ခုပေါ်မှ အမျိုးသမီး (၁) ဦး ပြုတ်ကျမှုဖြစ်ပွားခဲ့ပြီး ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားကြောင်း သိရသည်။

ဧပြီ (၇) ရက်နံနက် (၇) နာရီဝန်းကျင် ညောင်တုန်းလမ်းရှိ တိုက်ခန်းတစ်ခု၏ (၈) လွှာမှ အသက်(၂၁)နှစ်အရွယ်အမျိုးသမီး (၁) ဦးပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပြုတ်ကျခဲ့သည့် အမျိုးသမီးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အတွက် စမ်းချောင်းအရန်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ကျွန်မတို့ ရောက်သွားတဲ့အချိန် ပြုတ်ကျတဲ့ မိန်းကလေးက သတိရတစ်ချက် မရတစ်ချက်ဖြစ်နေတယ်။ခြေထောက်ရယ်၊ ခါးရယ်၊ ခေါင်းရယ်မှာ ထိခိုက်ထားတယ်။ လူနာက အရေးပေါ် အခြေအနေဖြစ်နေတဲ့အတွက် မြေပြင်ကုသပြီးတာနဲ့ ဆေးရုံကို ချက်ခြင်းပို့ပေးခဲ့ပါတယ်”ဟု စမ်းချောင်း အရန်မီးသတ်စခန်းမှ တာဝန်ရှိသူ အမျိုးသမီး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

(၈) လွှာပေါ်မှ ပြုတ်ကျသွားသည့် အမျိုးသမီးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဥ် နံနက် ၁၁ နာရီခန့်၌ သေဆုံးသွားခဲ့ပြီး ဖြစ်စဥ်အားစမ်းချောင်းမြို့မရဲစခန်းမှလာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်ဟု စမ်းချောင်းမြို့နယ်နေသူများထံမှ စုံစမ်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here