ထိုင်ဝမ်သည်ကမ္ဘာနှင့်ထိတွေ့ဆက်ဆံနေမှုကိုရပ်တန့်မည်မဟုတ်ဟု သမ္မတဆိုင်ပြော

0
126

တာ့ခ်ရွမ်၊ဧပြီ ၈

ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်သည် ကန်အောက်လွှတ်တော်ဥက္ကဌ ကယ်လ်ဗင်မက်ကာသီနှင့်တွေ့ဆုံခဲ့သည့် ဗဟိုအမေရိကနှင့်အမေရိကခရီးစဉ်အပြီး၌ ထိုင်ဝမ်အနေဖြင့် ကမ္ဘာကြီးနှင့်ထိတွေ့ဆက်ဆံနေမှုအား ရပ်တန့်မည်မဟုတ်သကဲ့သို့ ဖိအားများကိုလက်လျှော့အရှုံးပေးမည်မဟုတ်ကြောင်းလည်းပြောကြားခဲ့သည်။

ထိုင်ဝမ်အား ၎င်း၏ပိုင်နက်အဖြစ်ယူဆထားသောတရုတ်သည် ထိုင်ဝမ်သမ္မတနှင့် အောက်လွှတ်တော်ဥက္ကဌတို့၏တွေ့ဆုံမှုကို တင်းတင်းမာမာတုံ့ပြန်ခဲ့သော်လည်း ၎င်း၏သဘောထားတင်းမာမှုကို စစ်ရေးအရပြင်းပြင်းထန်ထန်ပြသခြင်းမျိုးတော့မလုပ်သေးပေ။

ထိုင်ဝမ်သမ္မတဆိုင်ကမူ “ ဖိအားတွေနဲ့ခြိမ်းခြောက်မှုတွေကိုရင်ဆိုင်ရတဲ့အခါ ထိုင်ဝမ်ဟာပိုပြီးစည်းလုံးလာပါတယ်၊ဖိနှိပ်မှုတွေကိုလုံးဝလက်ခံမှာမဟုတ်ပါဘူး၊အဟန့်အတားတွေကြောင့်လည်း ကမ္ဘာကြီးနဲ့ထိတွေ့ဆက်ဆံမှုကိုရပ်လိုက်မှာမဟုတ်ဘူးဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းကိုပြနိုင်ခဲ့ပါပြီ” ဟုပြောကြားခဲ့သည်။

တရုတ်သည် ပြီးခဲ့သည့်နှစ်ဩဂုတ်လ၌ ကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ခရီးစဉ်အပြီးကတည်းက ထိုင်ဝမ်နှင့်အနီးတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများ ကို ပြုလုပ်ကာ စစ်ကစားမှုများပြုလုပ်ခဲ့သည်။

ယခုတစ်ကြိမ်တွင်လည်း ထိုင်ဝမ်သည် ၎င်း၏ပြည်နယ်တစ်ခုသာဖြစ်သည့်အတွက် နိုင်ငံတော်အဆင့် ခရီး လှည့်လည်မှုများ ပြုလုပ်ခွင့်မရှိကြောင်းပြောကြားခဲ့ပြီး ကန်အောက်လွှတ်တော်ဥက္ကဌနှင့်လည်း တွေ့ဆုံမှုမလုပ်ရန်တားမြစ်ခဲ့ခြင်းဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here