မြိတ် – တနင်္သာရီသွား ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ တံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲခံရ

0
138

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီး မြိတ် – တနင်္သာရီသွား ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ တံတားတစ်စင်းအား လက်နက်ကိုင်အဖွဲ့ဝင်များက ဧပြီ (၆) ရက် နံနက်ပိုင်းက မိုင်းထောင်ဖောက်ခွဲမှုများ ပြုလုပ်ခဲ့သည့်အတွက် ပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း နစက ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(၆) ရက်နေ့ နံနက် (၆) နာရီခွဲခန့်က မြိတ် – တနင်္သာရီသွား ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ် ၅၀ ၅/၆ နှင့် ၅၀၅/၇ ကြားရှိ တံတားအမှတ် ၃/၅၀၆ ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ လုပ်ဆောင်မှုကြောင့် တံတား၏ ညာဘက်ခြမ်း အကျယ် (၁) ပေခွဲခန့်နှင့် တံတားကြမ်းခင်းအလယ် အရှည် (၂၀) ပေခန့်တို့တွင် (၂)လက်မခန့် နိမ့်ကျပျက်စီးခဲ့ကြောင်း သိရသည်။

” ထိခိုက်ဒဏ်ရာရတဲ့လူတော့မရှိပါဘူး။ ပျက်စီးသွားတဲ့နေရာတွေကို ပြင်ဆင်တာတွေ လုပ်နေတာတွေ့ပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ တံတားအမှတ် ၃/၅၀၆ သည် အလျား ၉၀ ပေ၊ အကျယ် ၃၀ ပေခန့်ရှိ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးသူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here