မဟာဗျူဟာမြောက် ရေအောက် လက်နက်စနစ်စမ်းသပ်ခဲ့တဲ့မြောက်ကိုရီးယား

0
215

ဆိုးလ်၊ဧပြီ ၈

မြောက်ကိုရီးယားသည် နျူကလီးယား စွမ်းရည်ရှိရေအောက်တိုက်ခိုက်ရေးဒရုန်းကို နောက်ထပ်တစ်ကြိမ်စမ်းသပ်မှုပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဧပြီလ ၇ ရက်နေ့တွင်ထုတ်ပြန်ကြေငြာခဲ့သည်။

နိုင်ငံသည် Haeil – 1 ဟုအမည်ပေးထားသော ရေအောက်ဒရုန်းစနစ်သစ်ကို ထုတ်ဖော်ပြသပြီးနောက် တစ်ပတ်ကျော်အကြာ၌ ရန်သူ့ရေပိုင်နက်အတွင်းခိုးဝင်တိုက်ခိုက်နိုင်ရန်ပြုလုပ်ထားပြီး ဆူနာမီ ဟု အဓိပ္ပာယ်ရသည့် Haeil – 2 ဟုအမည်ပေးထားသော ရေအောက်တိုက်ခိုက်ရေးဒရုန်းကို စမ်းသပ်ခဲ့ကြောင်းပြောကြားခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် ရေအောက်တိုက်ခိုက်ရေးဒရုန်းအား ဖြန့်ကျက်နိုင်လောက်သည်အထိ အဆင်သင့်ဖြစ်မဖြစ်မသေချာကြသေးသော်လည်း မြောက်ကိုရီးယားသည် ဝါရှင်တန်နှင့်ဆိုးလ်တို့အပေါ် ၎င်း၏အမျိုးမျိုးသောနျူအင်အားများကို ပြသလျက်ရှိသည်ဟု ပညာရှင်များကသုံးသပ်ကြသည်။

မြောက်ကိုရီးယားသည်မကြာသေးခင်ကာလများအတွင်း၌ပင် ၎င်း၏စစ်ရေးလှုပ်ရှားမှုများအား အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး အမေရိက နှင့်တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအားကန့်ကွက်ခဲ့သည်။

ယင်းနောက်၎င်းသည် သေးငယ်သည့်နျူကလီးယား ထိပ်ဖူးအသစ်များကိုလည်း ထုတ်ဖော်ပြသခဲ့ပြီး အမေရိကန်ပြည်ထောင်စု၏ မည်သည့်နေရာကိုမဆို ပစ်လွှတ်နိုင်သော တိုက်ချင်းပစ်ဒုံးကျည်ကိုလည်းထုတ်ဖော်ပြသခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here