EPS စနစ်ဖြင့် ကိုရီးယားသို့ မြန်မာလုပ်သား ၁၅၀ နီးပါးစေလွှတ်မည်

0
227

ဧပြီလ ၂၄ ရက်တွင် တောင်ကိုရီးယားနိုင်ငံငံသို့ မြန်မာလုပ်သား ၁၅၀ နီးပါး စေလွှတ်မည်ဖြစ်‌ကြောင်းအစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာထားသည်။

ထပ်မံစေလွှတ်မည့် အလုပ်သမားများသည် လုပ်သားအသစ် ၁၀၅ ဦးနှင့် လုပ်သားဟောင်း(Re-entry) ၄၃ဦးဖြစ်သည်။

ယင်းအပြင် သွားရောက်လုပ်ကိုင်ခွင့်ရသည့်အလုပ်သမားများ၏ အမည်စာရင်းကိုလည်း ထုတ်ပြန်ထားပြီးအဆိုပါအလုပ်သမားများအနေဖြင့်လိုအပ်သည့်ပြင်ဆင်မှုများလုပ်ဆောင်ရန် ဧပြီလ ၁၈ ရက်နှင့် ၂၀ ရက်တို့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ပင်လုံခန်းမသို့လာရောက်ရန် အသိပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ဩဂုတ်လမှစတင်ကာ တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သမားပြန်လည်စေလွှတ်ခဲ့ပြီးလက်ရှိတွင် မြန်မာလုပ်သားဦးရေ ၅၀,၀၀၀ နီးပါး တောင်ကိုရီးယားတွင်ရောက်ရှိ၍ အလုပ်လုပ်ကိုင်နေကြကြောင်း သိရသည်။

ယင်းအပြင် ကိုရီးယားသို့သွား‌​ရောက်မည့် မြန်မာအလုပ်သမားများအနေဖြင့်တားမြစ်ထားသည့်စားသောက်စရာများ သယ်ဆောင်သိမ်းဆည်းအရေးယူခံရမှု‌များရှိနေခြင်းကြောင့် ထပ်​ပြီးသွား​ရောက်မည့်သူများအား ညွန်ကြားချက်များလိုက်နာရန် အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here