နှင်းတောင်တန်းပေါ်က ဥရောပရဲ့ အမြင့်ဆုံး ဘူတာရုံ

0
264

ဆွစ်ဇာလန်နိုင်ငံရဲ့ နှင်းတောင်တန်းပေါ်မှာ ဆောက်လုပ်ထားတဲ့ ယွန်ဖောင်ယို ဆိုတဲ့ မီးရထား ဘူတာရုံဟာ ဥရောပတိုက်မှာရှိတဲ့ အမြင်ဆုံး တောင်ပေါ်ဘူတာရုံဖြစ်ပါတယ်။ အမြင့် ၃၅၀၀ မီတာ (၁၁,၃၃၂ ပေ) မှာ တည်ရှိပြီး အင်ဂျင်နီယာ ပညာရှင်တွေရဲ့ အံ့ဖွယ် ဖန်တီးမှုတစ်ခုလည်း ဖြစ်ပါတယ်။n

၁၉ ရာစုနှစ် ကုန်ခါနီးမှာ အဒေါ့ဖ် ဂူယာဇယ် ဆိုတဲ့ ဆွစ်ဇာလန် စက်မှုပညာရှင်တစ်ဦးဟာ ဘာနီးစ် နှင်းတောင်တန်းကို ဖောက်ပြီး ယွန်ဖောင်ယို တောင်ကြောဆက်အထိ ရထားလမ်း ဖောက်လုပ်မယ့် စီမံကိန်းကို အစိုးရဆီ တင်ပြခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တောင်ကို ဖောက်ပြီး ရထားလမ်းဆောက်ဖို့ နေနေသာသာ အဲလိုအကြံမျိုးကို ဘယ်သူကမှ ဆွေးနွေးတိုင်ပင်တာမျိုး မရှိခဲ့ဖူးပါဘူး။

ဒါပေမယ့် အစိုးရက ခွင့်ပြုချက်ပေးလာတဲ့အတွက် ၁၈၉၆ ခုနှစ်မှာ ရထားလမ်းကို စတင်ဖောက်လုပ်ခဲ့တယ်။ မဖြစ်နိုင်လောက်အောင် ခက်ခဲလှတဲ့ အဲဒီစီမံကိန်းအတွင်း အလုပ်သမား ၃၀ ယောက်လောက် အသက်ဆုံးရှုံးခဲ့ရပြီး ၁၉၁၂ ခုနှစ်ရောက်မှ ဆောက်လုပ်မှု ပြီးစီးခဲ့တယ်။ အဲဒီနောက် ရထားလမ်းအဆုံးမှာ ဘူတာရုံတစ်ခု ဆောက်ခဲ့ပြီး ယွန်ဖောင်ယို ဘူတာရုံဆိုပြီး အမည်ပေးခဲ့တယ်။

အခုတော့ ယွန်ဖောင်ယို ဘူတာရုံဟာ ဥရောပရဲ့ အမြင့်ဆုံးဘူတာရုံ ဆိုပြီး တရားဝင် သတ်မှတ်ခံထားရတဲ့အပြင် ဆွစ်ဇာလန်မှာ ကမ္ဘာ့လှည့်ခရီးသည်တွေ အလည်အပတ် အသွားရောက်ဆုံး နေရာတစ်ခုလည်း ဖြစ်လာပါတယ်။ ဒါပေမယ့် ဥရောပရဲ့ အမြင့်ဆုံးဘူတာရုံဆီ အလည်တစ်ခေါက်သွားရင် ကုန်ကျမယ့် စရိတ်ကတော့ မနည်းလှပါဘူး။ လက်မှတ်တစ်စောင်ကို အမေရိကန်ဒေါ်လာ ၂၄၅ လောက် ကျသင့်တယ်လို့ သိရပါတယ်။

Source: Oddity Central


LEAVE A REPLY

Please enter your comment!
Please enter your name here