ပထမပိုင်း ပြီးဆုံးချိန်တွင် အီရန် အမျိုးသမီး လက်ရွေးစင်အသင်းက မြန်မာ အမျိုးသမီးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိနေ

0
194

၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီး ဘောလုံး အာရှဇုန် ခြေစစ်ပွဲ ဒုတိယ အကျော့အဖြစ် မြန်မာ အမျိုးသမီးအသင်းနှင့် အီရန် အမျိုးသမီး လက်ရွေးစင်အသင်းတို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားလျက်ရှိသည်။

ထိုသို့ယှဉ်ပြိုင်ကစားရာတွင် အီရန် အမျိုးသမီး လက်ရွေးစင်အသင်းက မြန်မာ အမျိုးသမီးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိနေသည်။

ပွဲကစားချိန် ၁၃ မိနစ်တွင် အီရန်အသင်းက ဦးဆောင်ဂိုး ရရှိခဲ့ပြီး ပွဲကစားချိန် ၁၇ မိနစ်တွင် ရရှိခဲ့သည့် ပင်နယ်တီကို တိုက်စစ်ကစားသမား ၀င်းသိင်္ဂီထွန်းက အသုံးမချနိုင်ခဲ့သည့်အတွက် မြန်မာအသင်းနစ်နာခဲ့ရသည်။

ဧပြီလ ၅ ရက်က အီရန် အမျိုးသမီး လက်ရွေးစင် အသင်းသည် မြန်မာ အမျိုးသမီးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်အတွက် မြန်မာအမျိုးသမီးအသင်းသည် ယနေ့ပွဲစဉ်တွင် မဖြစ်မနေ ပြန်လည်အနိုင်ယူရန် လိုအပ်နေပြီး အီရန် အမျိုးသမီး အသင်းအနေဖြင့် သရေတစ်မှတ် ရရှိယုံဖြင့် ၂၀၂၄ ပါရီ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ဒုတိယ အဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

မြန်မာအသင်းသည် ယနေ့ ပြန်လည်အနိုင်ရခဲ့ပါက အချိန်ပို ၃၀ မိနစ် ဆက်လက် ကစားမည်ဖြစ်ပြီး ပွဲကစားချိန်အတွင်း အနိုင်အရှုံးရလဒ် မပေါ်ခဲ့လျင် ပင်နယ်တီ အဆုံးအဖြတ် ဆက်လက်ခံယူရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here