နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး ၁ ဂိုးဖြင့် မြန်မာ အမျိုးသမီးအသင်းကို အီရန် အမျိုးသမီး လက်ရွေးစင် အသင်းက အနိုင်ရရှိပြီး နောက်တစ်ဆင့်တက်ရောက်

0
253

၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီး ဘောလုံး အာရှဇုန် ခြေစစ်ပွဲ ဒုတိယ အကျော့အဖြစ် မြန်မာ အမျိုးသမီးအသင်းနှင့် အီရန် အမျိုးသမီး လက်ရွေးစင်အသင်းတို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားအပြီးတွင် နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး ၁ ဂိုးဖြင့် အီရန် အမျိုးသမီး လက်ရွေးစင်အသင်းက အနိုင်ရရှိပြီး နောက်တစ်ဆင့်တက်ရောက်သွားခဲ့သည်။

ယနေ့ယှဉ်ပြိုင်ကစားရာတွင် အီရန် အမျိုးသမီး လက်ရွေးစင်အသင်းက မြန်မာ အမျိုးသမီးအသင်းကို ပထမပိုင်း တစ်ဂိုး ဂိုးမရှိဖြင့်ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းတွင် မြန်မာအသင်းက ပွဲကို ပိုမိုစိုးမိုးကစားနိုင်ခဲ့ကာ ပွဲကစားချိန် ၅၇ မိနစ်တွင် မြန်မာအသင်းအတွက်ချေပဂိုးကို ၀င်းသိင်္ဂီထွန်းက သွင်းယူနိုင်ခဲ့သည်။

ချေပဂိုးရပြီးနောက် မြန်မာအသင်းက ထိုးဖောက်တိုက်စစ်ဆင်ခြင်း ပိုမိုပြုလုပ်နိုင်ခဲ့သော်လည်း အီရန်အသင်း၏ ပိတ်ဆို့ကစားဟန်နှင့် မလိုအပ်ဘဲ အချိန်ဆွဲကစားခြင်းတို့ကြောင့် တစ်ဖက် ၁ ဂိုးစီဖြင့် ပွဲပြီးဆုံးသွားခဲ့သည်။

ထို့ကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၂ ဂိုး ၁ ဂိုး ဖြင့် အီရန် အမျိုးသမီး လက်ရွေးစင် အသင်းက ၂၀၂၄ ပါရီ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ဒုတိယ အဆင့်သို့ တက်ရောက်သွားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here