အင်းစိန်မြို့နယ် ပုလဲလမ်းပေါ်တွင် စျေးကြိုဒိုင်နာကားတိမ်းမှောက်ကာ အမျိုးသမီး (၁) ဦးဒဏ်ရာရ

0
124

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ပုလဲလမ်းမပေါ်တွင် ဧပြီ (၈) ရက် ည (၁၀) နာရီခန့်က စျေးကြိုဒိုင်နာကား အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သည်အတွက် အမျိုးသမီး (၁) ဒဏ်ရာရရှိခဲ့ကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ (၃)ဦးအနက် ကားခေါင်းခန်းတွင် လိုက်လာသည့် အမျိုးသမီး (၁) ဦးမှာ ဘယ်ဘက်လက်ဖျံရိုး ကျိုးသွားခဲ့ပြီး ကားမောင်းသူနှင့် ကျန် (၁) ဦးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

“ပုလဲလမ်းပေါ်က မြန်မာ့တာယာ စက်ရုံရှေ့မှာ မှောက်သွားတာပါ။ ကားကျော်တက်ရင်း မှောက်သွားတာလို့ သိရပါတယ်။ ကားပေါ်မှာက (၃) ယောက်ပဲပါတယ်။ အမျိုးသမီး (၁) ယောက်ဒဏ်ရာရသွားတယ် ” ဟု အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်း ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် တွဲလက်လူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here