တောင်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်အချို့ အချိန်ကြာမြင့်စွာဓာတ်အားပြတ်တောက်နေ

0
231

ဧပြီလ (၈) ရက်ညနေ ၅ နာရီကနေ လက်ရှိအချိန်ထိ အချိန်ကြာမြင်စွာ ဓာတ်အားပြတ်တောက်နေကြောင်း သိရသည်။

အကြောင်းရင်းမှာ တောင်ဥက္ကလာပမြို့နယ်ရှိ 33kV ဝေဇယန္တာခွဲရုံသည် 230kV အလုံခွဲရုံရှိ 100MVA Tr မီးလောင်၍ ဓါတ်အားပြတ်တောက်နေခြင်းဖြစ်ကြောင်းနှင့် အမြန်းဆုံးဓါတ်အားပြန်လည်ပို့လွှတ်နိုင်းရေး အချိန်နှင့်တပြေးညီ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း YESC South Okkalapa မှ အသိပေးထုတ်ပြန်ထားသည်။

ယင်းသို့အချိန်ကြာမြင့်စွာ ဓာတ်အပြတ်တောက်မှုကြောင့်” မီးက မနေ့ညနေကတည်းကပြတ်သွားတာ။ တစ်ကြိမ်တောင်မလာဘူး။ မီးပြတ်တော့ ရေပါမရတော့ဘူး။ ရေကအစသုံးရတာ ဒုက္ခရောက်သွားတယ်။ ဘယ်ချိန်မှပြန်လာမလဲမသိဘူး””ဟု တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here