ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ သင်္ကြန်အကြိုအဖြစ် အခြေခံလူတန်းစားများအား အိမ်သုံးပစ္စည်းများကံစမ်းမဲနှိုက်ပေးခဲ့

0
211

နေပြည်တော်၊ဥတ္တရသီရိမြို့နယ်ရှိ ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ သင်္ကြန်အကြိုအဖြစ် အခြေခံလူတန်းစားများအား အိမ်သုံးပစ္စည်းများကို ဧပြီ ၈ ရက်နေ့လည် ၃ နာရီခွဲက ကံစမ်းမဲနှိုက်ပေးခဲ့သည်။

“သူတို့အတွက် လိုအပ်နေတဲ့ပစ္စည်းတွေကို ကံစမ်းမဲနှိုက်ပြီး ပေးခဲ့ပါတယ် ဒီတစ်ခေါက်ကတော့ဗလာမဲလည်းပါတယ် နောက်အခေါက်တွေကြရက်တော့ ဗလာမပါကံစမ်းမဲဖြစ်ဖို့ကြိုးစားသွားမှာပါ”ဟု ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဦးစိုးလှမြင့်ကပြောသည်။

ကဲစမ်းမဲနှိုက်ရာသို့ လူဦးရေ ၅၀၀ ကျော်လာရောက်မဲနှိုက်ခဲ့ကြပြီး ၃၂၀ ဦးကံစမ်းမဲပေါက်ခဲ့ကာ ညနေ ၅ နာရီတွင်လည်း ၉၇၇ ရက်မြောက် ညနေခင်းအာဟာရဒါနအဖြစ် ကြက်သားကြာဆံကြော်နှင့်အအေးတို့အား လှူဒါန်းကျွေးမွေးခဲ့သည်။

Photo-ထိုက်သူပန်


LEAVE A REPLY

Please enter your comment!
Please enter your name here