ရေအောက်သယံဇာတများ ပြုန်းတီးမှုမရှိစေရန် စနစ်တကျကြပ်မတ်ဆောင်ရွက်ရမည်

0
132

မြန်မာနိုင်ငံပိုင်နက် ပင်လယ်ပြင်ရှိ ရေအောက်သယံဇာတများကိုထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ ကိုကိုးကျွန်းမြို့နယ်တာဝန်ရှိသူများ၊နယ်မြေခံရေတပ်စခန်းဌာနချုပ်မှတာဝန်ရှိသူများအား ဧပြီ ၉ ရက်ကတွေ့ဆုံစဥ်မှာကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံပင်လယ်ပြင်အတွင်းရိုက်ကူးထားသည့် ရေအောက်သဘာဝရှုခင်းများနှင့်ရေနေ သတ္တဝါများကို မှတ်တမ်းတင်သုတေသနပြုရိုက် ကူးထားသည့် Documentary ဗီဒီယိုဖိုင်ကိုကြည့် ရှုပြီးနောက် နစက ဥက္ကဋ္ဌက မှာကြားခဲ့ခြင်းဖြစ် သည်။

“မိမိတို့နိုင်ငံပိုင်နက်ပင်လယ်ပြင်အတွင်းက ရေအောက်သယံဇာတတွေ ပြုန်းတီးမှုမရှိစေဖို့ စနစ်တကျကြပ်မတ်ဆောင်ရွက်ဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ရေအောက်သယံဇာတများ၊ရေအောက်ရှုခင်းများကိုထုတ်ဖော်ခြင်းဖြင့် ခရီးသွားလုပ်ငန်းကိုများစွာ အထောက်အကူပြုစေမည်ဖြစ်ကာ ရေနေသတ္တဝါများပြုန်းတီးမှုမရှိစေရန် ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ်ငန်းဆောင်ရွက်သူများအား သတ်မှတ် ထားသည့် ဥပဒေများကိုကျော်လွန်၍ တရားမဝင်ဖမ်းဆီးမှုများမပြုလုပ်စေရန် ကြပ်မတ်ရမည်ဟုလည်း မှာကြားခဲ့သည်။

“ရေနေသတ္တဝါတွေကို ထိခိုက်စေနိုင်တဲ့ ဖမ်းဆီးမှုမျိုးတွေမပြုလုပ်စေဖို့ တာဝန်ရှိသူတွေက ကြပ်မတ်ဆောင်ရွက်ရပါမယ်၊ နိုင်ငံပိုင်နက်ပင်လယ်ပြင်အတွင်းက ရှားပါးရေနေသတ္တဝါတွေကို ဖော်ထုတ်ပြီးမှတ်တမ်းတင်ပြီး မြန်မာနိုင်ငံပင်လယ်ပြင်အတွင်းမှာရှိတဲ့ ရေအောက်သယံဇာတတွေ ရေနေ သတ္တဝါတွေကို ပြည်သူတွေသိရှိစေဖို့ ဗီဒီယိုမှတ်တမ်းတွေရိုက်ကူးပြီး ထုတ်ဖော်ပြသပေးရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့ပြင် ဗျိုင်းကျွန်းနှင့်ဂျယ်ရီကျွန်းကြား ဆက်စပ်မြေသားလမ်းဖောက်လုပ်နေမှု၊ကိုကိုးကျွန်းမြို့ရှိ အကျဉ်းစခန်းဟောင်းနေရာနှင့်အဆောက်အဦးများအား မူလပုံစံအတိုင်း ပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှုများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here