ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး မည်သူ့ဘက်ကမျှ မပါရန် ဥရောပအုပ်စုအား မက်ခရွန် သတိပေး

0
216

ပါရီ၊ ဧပြီ ၁၀

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအုပ်စုသည် ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ်ဘက်ရော၊ အမေရိက ဘက်ကပါ မရပ်တည်သင့်ကြောင်း ဧပြီလ ၁၀ ရက် တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ပြောလာခဲ့သည်။

ထိုင်ဝမ်နှင့် ပတ်သက်၍ အမေရိကနှင့် တရုတ်တို့ကြား ဆက်ဆံရေး ပိုမိုတင်းမာလာချိန်၌ ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

“ဥရောပသားတွေ ဖြေရမယ့် မေးခွန်းက ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ ပြဿနာကို ပိုပြီးအရှိန်မြှင့်အောင် လုပ်ချင်လား ဆိုတာပါပဲ။ အဆိုးဆုံးကတော့ ငါတို့ဥရောပသားတွေ က တစ်ယောက်ယောက်ရဲ့ ဘက်တော်သားတွေ ဖြစ်လာပြီး အမေရိကက လုပ်သမျှနဲ့ တရုတ်က လွန်လွန်ကဲကဲ တုံ့ပြန်သမျှကို တစ်ကောက်ကောက် လိုက်လုပ်နေမိမှာကိုပါပဲ” ဟု မက်ခရွန်က ပြင်သစ် သတင်းစာ လေဇေကို အင်န် ပိုလီတီကို ထံ ပြောလာခဲ့သည်။

ထို့ပြင် မက်ခရွန်က ဥရောပအုပ်စုသည် ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသောပြဿနာများနှင့် မိမိတို့နှင့် မသက်ဆိုင်သော အရေးအခင်းများတွင် ကြားဝင်စွက်ဖက်ခြင်း မပြုလုပ်သင့်ကြောင်း သတိပေးခဲ့သည်။

မက်ခရွန်၏ မှတ်ချက်များသည် ဝါရှင်တန်အား ဒေါသထွက်စေနိုင်ရုံသာကမ ဥရောပသမဂ္ဂအတွင်း တရုတ်ကို မည်သို့ချဉ်းကပ်ရမည်ဆိုတာနှင့် ပတ်သက်၍ အမြင်သဘောထား ကွဲလွဲနေသည်ကိုပါ တစ်ခါတည်း မီးမောင်းထိုးပြခဲ့သည်။

Source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here