ပြင်သစ်၌ ပေါက်ကွဲမှုဖြစ်ပွားပြီးအဆောက်အအုံပြိုကျ၊နှစ်ဦးသေဆုံးကာ ကယ်ဆယ်မှုများလုပ်နေဆဲဖြစ်

0
235

မာဆေးလ်၊ဧပြီ ၁၀

ပြင်သစ်နိုင်ငံ မာဆေးလ်တွင် ကြီးမားသော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားကာ လေးထပ်အဆောက်အအုံတစ်ခုပြိုကျပျက်စီးခဲ့ပြီး အပျက်အစီးများ‌အောက်မှ အလောင်းနှစ်လောင်းအား ကယ်ဆယ်ရေးလုပ်သားများတွေ့ရှိခဲ့ကြောင်းပြင်သစ်အာဏာပိုင်များကပြောကြားခဲ့သည်။

မြေထဲပင်လယ်ဆိပ်ကမ်းမြို့မှ လေးထပ်အဆောက်အအုံ၌ ပေါက်ကွဲမှုဖြစ်ပွားပြီး ၂၄ နာရီအကြာတွင် အလောင်းများကိုရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟုလည်းဆိုသည်။

တနင်္လာနေ့ညပိုင်းအထိ အရေးပေါ်ကယ်ဆယ်ရေးသမားများမှ ကရိန်းနှင့်မီးလုံးများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့သော်လည်း အပျက်အစီးအောက်ရှိမီးတောက်များကြောင့် ၎င်းတို့၏လုပ်ငန်းအနှောင့်အယှက်ဖြစ်စေကာ မီးသတ်သမားများအတွက် အနံ့ခံခွေးများသုံးရန်အခက်အခဲဖြစ်စေခဲ့သည်။

ရုပ်အလောင်းနှစ်ခုမတွေ့မီကလည်း လူရှစ်ယောက်အားဆက်သွယ်၍မရဘဲပျောက်ဆုံးနေသည်ဟုဆိုသည်။ပေါက်ကွဲရခြင်းအကြောင်းအရင်းကိုစုံစမ်းနေဆဲဖြစ်သော်လည်း ဓါတ်ငွေ့ယိုစိမ့်မှုကြောင့်ဖြစ်နိုင်သည်ဟုဆိုကြသည်။

အနီးနားပတ်ဝန်းကျင်မှမျက်မြင်များ၏ပြောကြားချက်အရလည်း ပေါက်ကွဲမှုမဖြစ်ပွားမီ ဓါတ်ငွေ့နံ့များစူးစူးဝါးဝါးရရှိသည်ဟုဆိုကြသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့်အဆောက်အအုံနှင့်ကပ်လျက်ရှိ အခြားအဆောက်အအုံတစ်ခုလည်း နောက်တစ်ရက်တွင်ပြိုကျခဲ့သဖြင့် အနီးပတ်ဝန်းကျင်မှနေထိုင်သူများကိုလည်း တာဝန်ရှိသူများကရွှေ့ပြောင်းပေးခဲ့ကြောင်းသိရသည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here