ရွှေဘိုမြို့အနီးတွင် ပြင်းအား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်

0
297

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့အနီးတွင် ယနေ့ (ဧပြီ ၁၀) နံနက်ပိုင်းက ပြင်းအား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အိန္ဒိယနိုင်ငံ ငလျင်ဆိုင်ရာ ဗဟိုဌာန (NCS) က သတင်းထုတ်ပြန်ထားသည်။

ယနေ့နံနက်ဒေသစံတော်ချိန် ၆ နာရီ ၄၆ မိနစ်အချိန်ခန့်တွင် မြေအနက် 135.3 ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြင်းအား ၄ ဒသမ ၆ အဆင့်ရှိသည်ဟုအိန္ဒိယနိုင်ငံ ငလျင်ဆိုင်ရာ ဗဟိုဌာန (NCS) ၏ သတင်းထုတ်ပြန်ချက်တွင်ဖော််ပြထားသည်။

အဆိုပါငလျင်ဗဟိုချက်နှင့်နီးသည့် မြို့အချို့ဖြစ်သည့် ၈၇ ကီလိုမီတာအကွာတွင် ရှိသည့် မော်လိုက်မြို့၊ ၉၉ ကီလိုမီတာအကွာတွင်ရှိသည့် ရွှေဘိုနှင့် ၁၀၁ ကီလိုမီတာအကွာတွင် ရှိသည့် မုံရွာမြို့တို့တွင်ငလျင်လှုပ်ရှားမှုကို အနည်းငယ်သာ သိရှိနိုင်မည်ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here