လိင်ဆွဲဆောင်သည့်အနံ့ထုတ်လွှတ်စေရန် ပြုပြင်ထားသောအပင်များဖြင့် ပိုးမွှားများကိုလှည့်စားကာ ပိုးသတ်ဆေးများနေရာတွင် အစားထိုးမည်

0
141

အင်္ဂလန်နိုင်ငံ နော်ဝစ်ချ်မြို့ရှိ အားလ်ဟမ်အင်စတီကျုမှ သိပ္ပံပညာရှင် သုတေသီများသည် တိကျသော ဗီဇအင်ဂျင်နီယာပညာများကို အသုံးပြု၍ အင်းဆက်ပိုးမွှားများအား လိင်ဆွဲဆောင်မှုရှိသည့် အနံ့ထုတ်လွှတ်နိုင်သည့် မျိုးရိုးဗီဇပြုပြင်ထားသော အပင်များကို ဖန်တီးနိုင်ခဲ့သည်။

ယင်းအပင်များကို အသုံးပြု၍ အင်းဆက်ပိုးမွှားများကို ဆွဲဆောင်လှည့်စားခြင်းဖြင့် လက်ရှိအသုံးပြုနေသော ပိုးသတ်ဆေးများနေရာတွင် အစားထိုးသွားရန် ရည်ရွယ်ထားသည်။

လိင်ဆွဲဆောင်မှုရှိသည့် နေရာသို့ အင်းဆက်ပိုးမွှားများရောက်လာကာ မူလနေရာတွင် မရှိတော့စေရန် ဆောင်ရွက်နိုင်ခြင်းက ယနေ့အသုံးပြုနေကြသော အဆိပ်အတောက်ဖြစ်စေနိုင်သည့် ဓာတု ပိုးသတ်ဆေးများနေရာတွင် အစားထိုးဝင်ရောက်သွားလိမ့်မည်ဟု ယင်းသုတေသနအသစ်ကို ဦးဆောင်သော ဒေါက်တာ နီကိုလာပက်ထရွန်ကပြောသည်။

“အနာဂတ်မှာဆိုရင်တော့ ပိုမိုစိမ်းလန်း ပိုမိုဈေးသက်သာပြီး ပိုးသတ်ဆေးကိုအစားထိုးမယ့် အပင်စက်ရုံတွေပြည့်နှက်နေတဲ့ ဖန်လုံအိမ်တွေကို မြင်တွေ့လာကြရတော့မှာပါ”ဟုလည်း သူကပြောသည်။

ယင်း သုတေသနသည် Horizon 2020 သုတေသနနှင့် ဆန်းသစ်တီထွင်မှုပရိုဂရမ်နှင့် UKRI ဇီဝနည်းပညာနှင့် ဇီဝသိပ္ပံသုတေသနကောင်စီ (BBSRC) တို့မှ ရန်ပုံငွေပံ့ပိုးထားသော ERACoBiotech မှ ပံ့ပိုးမှုရရှိခဲ့သည့် SUSPHIRE စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here