အိန္ဒိယတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အသစ် ၅,၈၈၀ ဦး အထိ ရှိလာ

0
186

ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးနိုင်ငံဖြစ်သော အိန္ဒိယတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း လူပေါင်း ၈ သောင်း ၅ ထောင်ကျော်ကို ကိုဗစ်ရောဂါ ရှိ၊မရှိ ဆေးစစ်ခဲ့ရာ လူ ၅,၈၈၀ ဦး အထိ ရောဂါကူးစက်ခံနေရသည်ကို တွေ့ရှိခဲ့ရကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဧပြီလ ၁၀ ရက် တနင်္လာနေ့တွင် ဖော်ပြထားသည်။

ယခုလက်ရှိတွင် အိန္ဒိယ၌ ကိုဗစ်ရောဂါ ကူးစက်ခံရသူပေါင်း ၃၅,၁၉၉ ဦးအထိ ရှိလာပြီဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်ရောဂါကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၅ သိန်း ၃ သောင်းကျော် ရှိလာခဲ့သည်။

ထိုသို့ ကိုဗစ်ရောဂါ ကူးစက်ခံရသူများ ပြန်လည်များပြားလာသဖြင့် အိန္ဒိယတွင် ကိုဗစ်စတုတ္ထလှိုင်း စတင်လာမည်ဟူသော ကောလဟာလများပါ စတင်ပျံ့နှံ့လာခဲ့သည်။

သို့ရာတွင် အိန္ဒိယ၌ ကိုဗစ်ရောဂါမှ ပြန်လည်ကောင်းမွန်လာနှုန်းမှာ လက်ရှိတွင် ၉၈ ဒမသ ၇၃ ရာခိုင်နှုန်းအထိ ရှိနေသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း လူ ၃,၄၈၁ ဦး ရောဂါမှ ပြန်လည် ကောင်းမွန်လာခဲ့ပြီး ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း လူ ၄၄ သန်းကျော် အထိ ရှိလာခဲ့သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here