တရုတ်တွင် ဒရုန်းဖြင့် မိုးအတုရွာစေရန် ဆောင်ရွက်

0
290

တရုတ်နိုင်ငံလုပ် WingLoong-2H မိုးလေဝသလုပ်ငန်းသုံး မောင်းသူမဲ့ဒရုန်းလေယာဉ်သည် မကြာသေးမီရက်အတွင်းက တရုတ်နိုင်ငံ စီချွမ်ပြည်နယ် တောင်ပေါ်ဒေသ ဧရိယာအတွင်းတွင် မိုးအတုရွာစေရန်အတွက် ရေခဲခြောက်များ ကျဲချခြင်းလုပ်ငန်းကို ၁၀ နာရီကျော်မျှ ဆောင်ရွက်ခဲ့သည်။

WingLoong-2H မိုးလေဝသလုပ်ငန်းသုံး မောင်းသူမဲ့ဒရုန်းလေယာဉ်သည် စတုရန်းမီတာ ၁သိန်းကျော် ဧရိယာအတွင်း မိုးလေဝသဆိုင်ရာ အကျိုးပြုအစီအစဉ်များကို စုစုပေါင်း နာရီ ၉၀ မျှ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ယင်းမောင်းသူမဲ့ဒရုန်းသည် တောင်ပံအလျား ၂၀.၅ မီတာရှိကာ လေယာဉ်အပါအဝင် စုစုပေါင်း အလေးချိန် ၄၂၀၀ ကီလိုဂရမ်အထိ တင်ဆောင်၍ ပျံတက်ကာ၊ တစ်နာရီလျှင် ကီလိုမိတာ ၃၇၀ အထိ အမြန်နှုန်းဖြင့် ပျံသန်းနိုင်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here