လှိုင်မြို့နယ်တွင် YBS ယာဥ်ကို တားစဉ် တိုက်မိပြီး ကားဘီးဖြင့်ကြိတ်မိမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦီးသေဆုံး

0
194

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ယမန်နေ့ (ဧပြီ ၁ဝ) ရက် ညနေပိုင်းက YBS ယာဥ်ကို တားစဉ် တိုက်မိပြီး ကားဘီးဖြင့်ကြိတ်မိမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦီးသေဆုံးသွားကြောင်း သိရသည်။

လှိုင်မြို့နယ်၊ ဗဟိုလမ်းမ၊ မြတ်လေးရုံလမ်းထိပ်၌ယမန်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်ကအဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” သူက လိုင်းကားကို တားတာလို့‌ပြောတယ်၊ သူတားတဲ့‌နေရာက မှတ်တိုင်ဟုတ်မဟုတ်တော့မသိဘူး၊ တားရင်းနဲ့တိုက်မိပြီး ကြိတ်မိတာ၊ ကျွန်တော်တို့ရောက်တဲ့အချိန် နေရာမှာပဲ သေဆုံးသွားပါတယ်” ဟု အေးရိပ်မွန်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

တိုက်မိသည့်ယာဉ်မှာ YBS 22 ခရီးသည်တင်ယာဉ်ဖြစ်ပြီး သေဆုံးအမျိုးသားအား ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကာ မိသားစုနှင့်ဆက်သွယ်ပေးထားသည်ဟု သိရသည်။

ဓာတ်ပုံ – အေးရိပ်မွန်လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here