ထိုင်ဝမ်တစ်ဝိုက် စစ်ရေးလေ့ကျင့်မှု ပြီးဆုံးကြောင်း တရုတ်ကြေညာ

0
147

တရုတ်နိုင်ငံသည် စိုင်-မက္ကာသီ တွေ့ဆုံပွဲပြီးနောက် စတင်ခဲ့သော ထိုင်ဝမ်ကျွန်းတစ်ဝိုက် ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို ဧပြီလ ၁၀ ရက် တနင်္လာနေ့တွင် ပြီးဆုံးကြောင်း ကြေညာခဲ့သည်။

“Joint Sword” ဟု အမည်ပေးထားသော အဆိုပါစစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က အမေရိကမှ တိုင်ပေသို့ ပြန်ရောက်လာပြီး နောက်တစ်နေ့ (စနေနေ့)တွင် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့မပြုလုပ်ခင် နှစ်ရက်အလိုတွင်လည်း ထိုင်ဝမ်နားသို့ စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များ စေလွှတ်ခဲ့သည်။

တရုတ်စစ်တပ်က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ၎င်း၏ စစ်ရေးလေ့ကျင့်မှုများ အောင်မြင်စွာပြီးဆုံးကြောင်း၊ တပ်ဖွဲ့အမျိုးမျိုး၏ စစ်ရေးစွမ်းအင်ကိုလည်း အမှန်တကယ် တိုက်ပွဲဝင်နေသလိုမျိုး အလုံးစုံ စမ်းသပ်စစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။

“စစ်ဌာနချုပ်မှာရှိတဲ့ တပ်တွေဟာ တိုက်ပွဲဝင်ဖို့အတွက် အချိန်ပြည့် အသင့်ရှိနေပြီး အချိန်မရွေး တိုက်ခိုက်နိုင်ပါတယ်။ ဒါ့အပြင် ထိုင်ဝမ် ခွဲထွက်ရေး နဲ့ ပြည်ပက ဝင်ရောက်စွက်ဖက်တာတွေ အားလုံးကိုလည်း ပြတ်ပြတ်သားသား ချေမှုန်းသွားမယ်” လို့ အရှေ့ပိုင်းဒေသ စစ်ဌာနချုပ်က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here