၂၀၂၄ ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်မည်ဟုဘိုင်ဒင်ပြောလာ

0
151

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်ထားကြောင်း ဧပြီလ ၁၀ ရက် တနင်္လာနေ့တွင် ပြောလာခဲ့သည်။

“နောက်တစ်ခေါက် ပြန်အရွေးခံဖို့ စီစဉ်ထားပေမယ့် တရားဝင် ကြေညာဖို့တော့ အဆင်သင့်မဖြစ်သေးပါဘူး” ဟု ဘိုင်ဒင်က NBC သတင်းဌာနနှင့် အင်တာဗျူးရာတွင် ပြောကြားခဲ့သည်။

ဘိုင်ဒင်နှင့် ဒုသမ္မတ ကမ်လာ ဟဲရစ်တို့ နှစ်ဦးစလုံးသည် နောက်တစ်ကြိမ် ရွေးကောက်ပွဲတွင် အတူတကွ ပြန်လည်အရွေးခံသွားမည် ပြောကြားထားသည်။

သို့ရာတွင် အသက်အရွယ် ကြီးရင့်လာပြီဖြစ်သော ဘိုင်ဒင်၏ ကျန်းမာရေးအခြေအနေမှာ အစီရင်ခံများ၌ ကောင်းမွန်နေသည်ဟု ဖော်ပြထားသော်လည်း အမှန်တကယ် ချူချာမှုများ ရှိနေသည်ကို အချို့ဟောပြောပွဲများနှင့် တွေ့ဆုံပွဲများတွင် တွေ့မြင်ခဲ့ရသည်။ ထို့ကြောင့် အမေရိကန်ပြည်သူအချို့က အသက် ၈၀ အရွယ် ဘိုင်ဒင်အား အနားပေးသင့်ပြီဟူသော ပြောဆိုမှုများ ရှိနေခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here