ရုရှားနှင့်ယူကရိန်းတို့ အကျဉ်းသားနှစ်ရာကျော်လဲလှယ်မှုပြုလုပ်

0
536

ရုရှားနှင့်ယူကရိန်းတို့သည် တနင်္လာနေ့က စစ်သုံ့ပန်းလဲလှယ်မှုထပ်မံပြုလုပ်ခဲ့ပြီး ရုရှားအကျဉ်းသား ၁၀၆ ဦးကို ယူကရိန်းအကျဥ်းသား ၁၀၀ နှင့်လဲလှယ်ပေးခဲ့ကြောင်း နှစ်ဖက်စလုံးက ပြောကြားခဲ့သည်။

ယူကရိန်းဘက်မှပြောကြားချက်အရ ပြန်လည်လွတ်မြောက်လာသူ ယူကရိန်းနိုင်ငံသားများတွင် စစ်ပွဲစပြီးမကြာမီကတည်းက ဖမ်းမိထားသော မာရီယိုပိုးလ်မြို့ကို ခုခံကာကွယ်သူများလည်းပါဝင်ကြောင်းသိရသည်။

စေ့စပ်ညှိနှိုင်းမှုလုပ်ငန်းစဉ်များအပြီးတွင် ၎င်း၏ အကျဉ်းသားများကို လွှတ်ပေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်းပြောကြားခဲ့သည်။

ရုရှားနှင့်ယူကရိန်းတို့သည် ရန်သူများကြား တိုက်ရိုက်ထိတွေ့ဆက်ဆံမှု၏ ရှားရှားပါးပါးဥပမာတစ်ခုအနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလစစ်ပွဲအစကတည်းက အချိန်အခါအလိုက်အကျဉ်းသားလဲလှယ်မှုများကို အလျဉ်းသင့်သလိုပြုလုပ်ခဲ့ကြသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here