ရန်ကုန် – မန္တလေး အမြန်လမ်းတွင် အိမ်စီးကားတစ်စီး လမ်းဘေး ဘယ်ရီယာတုံးများအား ဝင်တိုက်မိကာ အမျိုးသမီး (၁) ဦးသေဆုံး

0
403

ရန်ကုန် – မန္တလေး အမြန်လမ်းပေါ်တွင် အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ဘယ်ရီယာတုံးများအား ဝင်တိုက်မိသည့်အတွက် ယာဥ်ပေါ်ပါ အမျိုးသမီးတစ်ဦး သေဆုံးကာ ယာဉ်မောင်းသူ ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်တစ်ခု ယနေ့ ဧပြီလ (၁၁) ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် ၈၉/၁ အနီး မြို့ချောင်းအမြန်လမ်း မီးသတ်စခန်းအပိုင်တွင် ယနေ့နံနက် ၁၁ နာရီခန့်က Toyota Wish ယာဉ်မှ လမ်းဘေးတွင် ကာရံထားသည့် ဘယ်ရီယာတုံးများအား အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီး (၁)ဦးမှာ ထိခိုက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း အမျိုးသားတွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မြို့ချောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ (၁၀) ရက်ကလည်း ရန်ကုန် – မန္တလေးအမြန်လမ်း ပြင်စည်အမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၃၂၅/၇ အနီးတွင် မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် Honda Clviv(ခဲရောင်)ကား မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ဘယ်ရီယာတုံးအားဝင်တိုက်မိကာ မီးလောင်ကျွမ်းခဲ့ပြီး ယာဉ်ပေါ်ပါအမျိုးသား (၃) ဦးသေဆုံးမှုဖြစ်ပွားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here