MAI လေကြောင်းလိုင်းမှ ရန်ကုန်-ချန်နိုင်း-ရန်ကုန်ခရီးစဉ်ထပ်တိုးပြေးဆွဲမည်

0
330

ရန်ကုန်-ချန်နိုင်း-ရန်ကုန်ခရီးစဉ်အသစ်ကို MAI လေကြောင်းလိုင်းမှ ထပ်တိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ကို မေလ ၆ ရက်နေ့တွင် စတင်ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး တနင်္လာ-ဗုဒ္ဓဟူး-သောကြာ တစ်ပါတ်လျှင် သုံးကြိမ်ပျံသန်းမည်ဖြစ်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မနက် ၈ နာရီစတင်ထွက်ခွာမည်ဖြစ်ပြီး ချန်နိုင်းမြို့သို့ ဒေသစံတော်ချိန် မနက် ၁၀ နာရီရောက်ရှိမည်ဖြစ်ကာ လေယာဉ်လက်မှတ်ခနှုန်းထားမှာ အမေရိကန်ဒေါ်လာ ၂၆၀ ဖြစ်ကြောင်း သိရသည်။

MAI လေကြောင်းလိုင်းအနေဖြင့် လက်ရှိတွင် ရန်ကုန်-နယူးဒေလီ-ရန်ကုန် ခရီးစဉ်ကို တစ်ပါတ်လျှင် သုံးကြိမ်၊ ရန်ကုန်-ဗုဒ္ဓဂါယာခရီးစဉ်ကို တစ်ပါတ်လျှင် သုံးကြိမ်နှင့် ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ်ကို တစ်ပါတ်လျှင် တစ်ကြိမ် ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here