Core Banking စနစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စောလျင်စွာပြီးစီးသည့်အတွက် အွန်လိုင်းဘဏ်ဝန်ဆောင်မှုများ ပုံမှန်အတိုင်းအသုံးပြုနိုင်ပြီဖြစ်ကြောင်း KBZ ဘဏ်မှအသိပေး

0
142

Core Banking စနစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မူလသတ်မှတ်ထားသည့်ရက်ထက် စောလျင်စွာပြီးစီးသည့်အတွက် သုံးစွဲသူများအနေဖြင့် အွန်လိုင်းဘဏ်ဝန်ဆောင်မှုများ ပုံမှန်အတိုင်းအသုံးပြုနိုင်ပြီဖြစ်ကြောင်း KBZ ဘဏ်မှအသိပေးထုတ်ပြန်ထားသည်။

ဧပြီလ ၇ ရက်မှ ၁၂ ရက်အထိ Core banking စနစ် အဆင့်မြှင့်တင်မည်ဖြစ်သည့်အတွက် ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသည့် ဝန်ဆောင်မှုအချို့ကို အသုံးပြု၍မရကြောင်း KBZ ဘဏ်မှ အသိပေးကြေညာထားခြင်းဖြစ်သည်။

သို့သော် ဧပြီလ(၁၂) ရက်နေ့ မတိုင်မီ အဆင့်မြှင့်တင်ပြီးစီးပြီဖြစ်သဖြင့် KBZ ဘဏ်၏ အွန်လိုင်းဘဏ်ဝန်ဆောင်မှုများဖြစ်သည့် m/iBanking၊ ATM ဝန်ဆောင်မှုများ၊ KBZPay ဝန်ဆောင်မှုများ၊ Card နှင့် သက်ဆိုင်သော ဝန်ဆောင်မှုများအားလုံးကို ယခင်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here