တောင်ကိုရီးယား၌တောမီးလောင်ကျွမ်းမှုကြောင့် ဒေသခံငါးရာဘေးလွတ်ရာရွှေ့ပြောင်းနေရ၊ မိုးရွာသွန်းမှုကြောင့်မီးငြှိမ်းသတ်ရာ၌ အထောက်အကူဖြစ်

0
258

ဆိုးလ်၊ဧပြီ ၁၁

တောင်ကိုရီးယားအရှေ့ဘက်ကမ်းရိုးတန်း မြို့ေတာ်ခမ်းနွန်းမြို့၌ အင်္ဂါနေ့ကလေပြင်းတိုက်ခတ်ရာမှ တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် ဒေသခံ ၅၀၀ ကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရသည်။

သို့သော်မိုးလည်းရွာသွန်းခဲ့သဖြင့် မီးသတ်သမားများမီးငြှိမ်းသတ်ရာ၌ အထောက်အကူဖြစ်စေခဲ့ပြီး မီးကူးစက်မှုကိုလျှော့ချနိုင်ခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ယာမြေ ၁၇၀ ဟက်တာဆုံးရှုံးခဲ့ပြီး လူပေါင်း ၅၅၀ ခန့်သည် နေအိမ်များ ကို စွန့်ခွာခဲ့ရ ပြီး ဘေးလွတ်ရာသို့ရွှေ့ခဲ့ရသည်။

မီးလောင်မှုကြောင့် မီးသတ်သမားနှစ်ဦးအပါအဝင် လူသုံးဦးဒဏ်ရာရခဲ့ပြီး အဆောက်အအုံဒါဇင်များစွာပျက်စီးခဲ့ကြောင်း အမျိုးသားသစ်တောအေဂျင်စီကပြောကြားခဲ့သည်။ ယင်းနောက် မီးလောင်ရာနေရာရှိနေအိမ်တစ်လုံးအတွင်း၌ ရုပ်အလောင်းတစ်လောင်းအား မွန်းလွဲပိုင်း၌တွေ့ခဲ့ရသည်ဟုလည်းဆိုသည်။

လေပြင်းတိုက်ခတ်မှုကြောင့် မီးကြိုးပေါ်သစ်ကိုင်းကျိုးကျပြီး ရှော့ခ်ဖြစ်လောင်ကျွမ်းရာမှ တစ်တောလုံးသို့ကူးစက်သွားခြင်းမျိုးဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ မီးသတ်သမားများအနေဖြင့်လည်း အမြန်ဆုံးမီးငြှိမ်းသတ်နိုင်ရန်ကြိုးစားခဲ့ကြပြီး လေပြင်းတိုက်နေမှုကြောင့်မီးငြှိမ်းနိုင်ရန်အပြင်းအထန်ကြိုးစားခဲ့ကြရသည်။

တောင်ကိုရီးယားသမ္မတကလည်း မီးငြှိမ်းရာ၌ အထောက်အကူဖြစ်စေမည့်အရင်းအမြစ်များအား တတ်နိုင်သမျှစု ဆောင်း ကြရန် တာဝန်ရှိသူများအားညွှန်ကြားထားပြီး အနီးနားခံဒေသခံများကိုလည်း အသေအပျောက်နည်းစေရန် အမြန်ဆုံးပြောင်းရွှေ့ပေးဖို့ညွှန်ကြားထားကြောင်း ၎င်း၏ရုံးက ပြောကြားခဲ့သည်။

Source : Reuters
Photo : AP


LEAVE A REPLY

Please enter your comment!
Please enter your name here