EV ကားများအတွက်၂၀၂၄ ခုနှစ်အထိ အထူးကုန်စည်ခွန်ကင်းလွတ်ခွင့်ပြုထား

0
259

လျှပ်စစ်သုံး EV ကားများအတွက် အထူးကုန်စည်ခွန်တွေကို လာမည့်၂၀၂၄ ခုနှစ် မတ်လကုန်ထိ ကင်းလွတ်ခွင့် ပြုထားကြောင်း လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းတွေဆိုင်ရာ အထူးသက်သာခွင့်များ ညှိနှိင်းကြီးကြပ်ရေး လုပ်ငန်းကော်မတီက အသိပေးထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ဘက်ထရီလျှပ်စစ်သုံး သုံးဘီးတပ်ယာဉ်၊ နှစ်ဘီးတပ် ယာဉ်များ အပါအဝင် ဘက်ထရီလျှပ်စစ်သုံးယာဉ်တွေနှင့် ဆက်စပ်ပစ္စည်းများ၊ ဘက်ထရီ အားသွင်းခြင်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများအတွက် ကုန်သွယ်လုပ်ငန်းခွန်နှင့် ဘက်ထရီလျှပ်စစ်ကားအတွက် အထူးကုန်စည်ခွန်များကို ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

CBU စနစ်၊ CKD စနစ် ၊ SKD စနစ်နှင့် ပြည်ပမှ တင်သွင်းသည့် လျှပ်စစ်သုံးယာဉ်များအတွက် လျှော့ချသတ်မှတ်ပေးထားသည့် အကောက်ခွန် သုညရာခိုင်နှုန်းသည် ယခုနှစ် မတ်လကုန်တွင် သက်တမ်း ကုန်ဆုံးသွားခြင်းကြောင့် လာမည့် ၂၀၂၄ ခုနှစ် မတ်လကုန်ထိ ကင်းလွတ်ခွင့်ပြုနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် လျှပ်စစ်သုံး EV ယာဉ်များအတွက် လမ်း/တံတား အသုံးပြုခကို ယခုနှစ် ဧပြီ ၁ ရက်မှစတင်ပြီး ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်နေ့အထိ (၂)နှစ် ကင်းလွတ်ခွင့်ပြုထားကြောင်း၊ လျှပ်စစ်သုံး မော်တော်ယာဉ်တွေအပေါ် ၂၀၂၃ခုနှစ်မှ၂၀၂၅ ခုနှစ်အထိ ကနဦး မှတ်ပုံတင်သည့် ယာဉ်တွေအတွက် ၁၀၀ ရာခိုင်နှုန်း ဘီးခွန်၊ မြို့ဝင်ကြေး၊ လမ်းအသုံးပြုခ၊ တန်ပိုကြေး၊ အရောင်းပြခန်း၊ လုပ်ငန်းလိုင်စင်၊ ညအိပ်ခ၊ ပစ္စည်းခွန် အစရှိသည့် အခွန်အခများကိုလည်း ကင်းလွတ်ခွင့် ပြုထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here