ဘရာဇီးမော်ဒယ် က သူ့ရဲ့ ချွေးနဲ့ ရောစပ်ထားတဲ့ ရေမွှေးအသစ်ကို ရောင်းပြီ

0
195

ဘရာဇီးမော်ဒယ် တစ်ဦးဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ဝါနေးဆာ မူရာ ဟာ မကြာသေးမီကမှ စတင်ရောင်းချနေတဲ့ သူရဲ့ ရေမွှေးအသစ်ကြောင့် လူအများရဲ့ အာရုံစိုက်တာကို ခံနေရပါတယ်။

မော်ရာ ဟာ “Fresh Goddess” လို့ အမည်ပေးထားတဲ့ ရေမွှေးအသစ်ကို သူ့ရဲ့ ချွေးတွေနဲ့ ပေါင်းစပ်ပြီး ဖန်တီးထားတယ်လို့ ပြောလာပါတယ်။ သူနဲ့ ရည်းစားဖြစ်ဖူးတွေက သူ့ရဲ့ သဘာဝ ကိုယ်သင်းနံ့ကို ညှို့အားကောင်းတယ်၊ စိတ်လှုပ်ရှားစေတယ်ဆိုပြီး ချီးကျူးခဲ့တဲ့အတွက် မော်ရာဟာ အခုလိုမျိုး ထူးဆန်းတဲ့ ရေမွှေးကို ဖန်တီးဖို့ အကြံရလာတာပါ။

ရေမွှေးတစ်ပုလင်းဆီမှာ သူရဲ့ ချွေး ၈ မီလီလီတာလောက် ပါရှိတယ်လို့လည်း သိရပါတယ်။ မော်ရာ က သူ့ရဲ့ ရေမွှေးဟာ ဒိတ်လုပ်ဖို့နဲ့ ကိုယ်သဘောကျနေတဲ့ သူကို ဆွဲဆောင်ဖို့ဆိုရင် ဆွတ်ပေးသင့်တဲ့ ရေမွှေးပါလို့ ပြောထားပါတယ်။

ဒါ့ပြင် “Fresh Goddess” ရေမွှေးကို သုံးဖြစ်တဲ့ မိန်းကလေးတစ်ဦးကလည်း သူကြိုက်နေတဲ့ ကောင်လေးဟာ ရေမွှေးရဲ့ ညှို့အားကြောင့် နောက်တစ်ကြိမ် ပြန်ဒိတ်ဖို့ ချိန်းဆိုလာတယ်ဆိုပြီး မှတ်ချက်ပေးထားတယ်လို့ မော်ရာက ပြောပါတယ်။ မော်ရာရဲ့ ချွေးပါတဲ့ ၅၀ မီလီမီတာ ရေမွှေးတစ်ပုလင်းကို ဒေါ်လာ ၁၃၈ နဲ့ ဈေးသတ်မှတ်ထားပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here