​ထိုင်းနိုင်ငံရောက် စစ်ဘေးရှောင်များကို နေရပ်သို့ ပြန်လည် စေလွှတ်လျက်ရှိ

0
104

မြန်မာစစ်တပ်နှင့် ကရင်လက်နက် ကိုင်များအကြား ဖြစ် ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာကာ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ စစ်ဘေးရှောင်များအား ထိုင်းတပ်မ​တော်က နေရပ်သို့ပြန်လည်စေလွှတ်လျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့သို့ ရောက်ရှိနေသည့် ကရင်ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည် (၃၀၀၀)ကျော် ကို ပြီးခဲ့သည့် မတ်လနှောင်းပိုင်းက စတင်ကာ ထိုင်းတပ်မ​တော်က မူလနေရပ်များသို့ ပြန်လည်စေလွှတ်နေခြင်းဖြစ် ကြောင်း Khasod English သတင်းတရပ်တွင် ဖော်ပြထားသည်။

လတ်တလော ပြန်လည်စေလွှတ်ခံရသည့် မြန်မာစစ်ဘေးရှောင် အရေအတွက်မှာ (၃၁၀၃) ဦးရှိပြီး ပြီးခဲ့သည့် နှစ်များအတွင်းက မြန်မာတပ်မ​တော်နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ထွက်ပြေးတိမ်းရှောင်နေရသူများ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ကရင်ပြည်နယ် မြဝတီမြို့နှင့် အနီးတဝိုက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မဲဆောက်မြို့ဖက်သို့ ထွက်ပြေးတိပ်းရှောင်လာသည့် စစ်ဘေးရှောင် ၁၀၀၀၀ ဝန်းကျင်အထိရှိပြီး ယင်းထဲမှ ၁၀၀၀ ဝန်းကျင်မှာ မိမိဆန္ဒအလျှောက် နေရပ်သို့ ပြန်သွားပြီ ဖြ စ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက ရွေကုက္ကိုလ်မြို့သစ် အနီး BGF တပ်ဖွဲ့များနှင့် ကရင်လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဒေသခံ (၅၀၀၀) နီးပါး ထိုင်းဖက်အခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလ ည်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နှင့် မဲရမတ်ခရိုင်များတွင် မြန်မာဒုက္ခသည် ထောင်ချီခိုလှုံနေပြီး ထိုင်းနိုင်ငံတာဝန်ရှိ သူများက နေရာများခွဲ၍ ယာယီနေထိုင်နိုင်ရန် စီစဉ်ပေးခဲ့မှုများလည်းရှိကြောင်း သိရသည်။

Ref: Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here