အမြောက်ကျည် ၅သိန်း အမေရိကန်သို့ တောင်ကိုရီးယားချေးမည်

0
260

အမေရိကန်က ယူကရိန်းသို့ ခဲယမ်းမီးကျောက်များ ကူညီထောက်ပံ့ရာတွင် အဆင်ပြေလည်ပတ်စေရန်အတွက် ၁၅၅ မီလီမီတာ အမြောက်ကျည် ၅ သိန်းကို အမေရိကန်အား ချေးငှားရန် တောင်ကိုရီးယားက ပြီးခဲ့သည့်လအတွင်း သဘောတူညီခဲ့ကြောင်း တောင်ကိုရီးယား သတင်းစာတွင် ဧပြီ ၁၂ ရက် ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့သည်။

ယူကရိန်းအရေးတွင် တောင်ကိုရီးယားမှ လက်နက်ခဲယမ်းများ အသုံးပြုခြင်း အတတ်နိုင်ဆုံး လျော့ပါးစေရေးအတွက် ရောင်းချမည့်အစား ချေးငှားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အစိုးရသတင်းရင်းမြစ်များကို ကိုးကား၍ တောင်ကိုရီးယားသတင်းစာ Donga Ilbo က ရေးသားထားသည်။

ထို့ကြောင့် ယူကရိန်းသို့ အမေရိကန်က မိမိပိုင် ခဲယမ်းမီးကျောက်များကို ကူညီထောက်ပံ့ပေးပြီး၊ တောင်ကိုရီးယားထံမှ ချေးငှားထားသော အမြောက်ကျည်များကိုမူ အမေရိကန်တပ်မတော်အတွက် လျော့နည်းသွားသည့် အမြောက်ကျည်များနေရာတွင် ဖြည့်တင်းသိုလှောင်ထားရမည်ဖြစ်ကြောင်း ယင်းသတင်းကဆိုထားသည်။

ယမန်နှစ်အတွင်းက အမေရိကန်သည် တောင်ကိုရီးယားထံမှ အလားတူ ကျည် ၁သိန်းဝယ်ယူခဲ့ပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင် အမေရိကန်က ယင်းပမာဏအတိုင်း သို့မဟုတ် ထို့ထက်ပိုမိုသည့် ကျည်ပမာဏ ထပ်မံဝယ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း၊ တောင်ကိုရီးယားမှ ရောင်းချမည့်အစား ယခုကဲ့သို့ ချေးငှားလိုက်ခြင်းနည်းလမ်းကို သုံးလိုက်ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here