ဧရာဝဏ်လမ်းမကြီးပေါ်တွင် လမ်းဖြတ်ကူးသူကို သုံးဘီးဆိုင်ကယ်မှဝင်တိုက်မိ၍ လမ်းဖြတ်ကူးသူသေဆုံး သုံးဘီးမောင်းသူဒဏ်ရာရ

0
243

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ဧရာဝဏ်လမ်းမကြီးပေါ်ရှိ ကွေ့မအိမ်ယာအနီးတွင် ဧပြီ ၁၂ ရက်ည ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

“လမ်းဖြတ်ကူးတဲ့လူကိုဝင်တိုက်မိပြီး သုံးဘီးဆိုင်ကယ်လည်းမှောက်သွားတယ် သုံးဘီးဆိုင်ကယ်‌ မောင်းတဲ့လူဒဏ်ရာရသွားတယ် မြေပြင်ကုသမှုတွေလုပ်ပေးခဲ့ပါတယ် လမ်းဖြတ်ကူးသူကတော့ သေဆုံးသွားပါတယ် နှစ်ယောက်လုံးကအသက် (၃၀)နှစ်ဝန်းကျင်တွေကြီးပဲ”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် လမ်းဖြတ်ကူးသူမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင်သေဆုံးသွားသဖြင့် ရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here