အာရှအမျိုးသမီး ခြေစစ်ပွဲအတွက် မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇အသင်း လေ့ကျင့်ရေးများပြုလုပ်နေ

0
202

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းသည်အာရှအမျိုးသမီး ခြေစစ်ပွဲအတွက် လေ့ကျင့်ရေးများပြုလုပ်နေကြောင်း သိရသည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းကို နည်းပြချုပ်အဖြစ် ဦးသန်းဝေ၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်သန်းသန်းထွေးနှင့် ဒေါ်မာလာဝင်း၊ ဂိုးနည်းပြအဖြစ် ဦးစိန်အေးတို့က တာဝန်ယူ ကိုင်တွယ်လျက်ရှိပြီး ပဏာမ ကစားသမား ၂၇ ဦးဖြင့် လေ့ကျင့် ပြင်ဆင်နေခြင်းလည်းဖြစ်သည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းသည်၂၀၂၄ အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ်အဖြစ် ဧပြီ ၂၄ ရက်တွင် အိမ်ရှင် ကာဂျစ္စတန်၊ ဧပြီ ၂၈ ရက်တွင် အိန္ဒိယအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here