ငွေကြေးအခက်အခဲကြောင့် ၁၁ နှစ် အရွယ် သား ကို မိခင်က ခါးပတ်နဲ့ လည်ပင်းညှစ်သတ်

0
196

အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားပြည်နယ်ရှိ ဟောရှမ်မြို့က အသက် ၅၀ နှစ် အရွယ် မိခင်တစ်ဦးဟာ ၁၁ နှစ်သာ ရှိသေးတဲ့ သားငယ်လေးကို ငွေရေးကြေးရေး အခက်အခဲကြောင့် ဧပြီလ ၁၀ ရက် တနင်္လာနေ့မှာ ခါးပတ်နဲ့ လည်ပင်း ညှစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ရုဒ် ဒီရီယန်ဇို ဝှိုက်ဟတ်ဒ် က သားဖြစ်သူ မက်သရူး ဝှိုက်ဟတ်ဒ် ဟာ လူသတ်မှု မဖြစ်ခင်မှာ မိသားစုရဲ့ ငွေကြေးအခြေအနေ ခက်ခဲကျပ်တည်းတာနဲ့ ပတ်သက်ပြီး တစ်နေကုန် ငိုကြွေးနေခဲ့တယ်လို့ ပြောပါတယ်။ ဒါ့ကြောင့် သားဖြစ်သူကို ဒီလိုမျိုး အကြပ်အတည်းတွေကြားမှာ ကြီးပြင်းမလာစေချင်တဲ့ ရုဒ်ဟာ မတ်သရူး အိပ်ပျော်နေတဲ့ အချိန်အတွင်း ဖအေဖြစ်သူရဲ့ ခါးပတ်နဲ့ လည်ပင်းညှစ်သတ်ခဲ့တယ်လို့ ဝန်ခံလာပါတယ်။

မတ်သရူးရဲ့ အလောင်းကိုတော့ နေအိမ်မှာပဲ ဖခင်ဖြစ်သူက တွေ့ရှိသွားပြီး ရဲတွေဆီ အကြောင်းကြားခဲ့ပါတယ်။ ရုဒ်ကတော့ မတ်သရူးကို သတ်ပြီးတဲ့နောက် နူးဂျာစီပြည်နယ် ကိတ်ပ်မေမြို့ကို သက်သေဖျောက်ဖို့အတွက် ကားနဲ့ ထွက်သွားခဲ့တယ်။ သက်သေဖျောက်ပြီး ပြန်လာတဲ့ ရုဒ်ကို ဝိုင်းဝုဒ် ခရက်စ်မြို့မှာ ရဲတွေက ဖမ်းမိသွားခဲ့တယ်။

လက်ရှိမှာတော့ ရုဒ်ဟာ ပထမအဆင့် လူသတ်မှုနဲ့ တရားစွဲခံထားရပြီး ကိတ်ပ်မေ စီရင်စုမှာ ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။

Source:Metro


LEAVE A REPLY

Please enter your comment!
Please enter your name here