အဌားယာဥ်(Taxi)များ ဧပြီ ၁၁ ရက်မှစတင်ကာ အခွန်ပေးဆောင်ရမည်

0
267

ရန်ကုန်တိုင်းအတွင်းပြေးဆွဲလျက်ရှိသည့် အဌားယာဥ်(Taxi)များအနေဖြင့် ယာဉ်ကြောအခြေအနေအရကောက်ခံရရှိသောဝင်ငွေနှုန်းထားအချို့အားရန်ကုန်စည်ပင်၊အခွန်ဌာနသို့ အခွန်ပေးဆောင်ရမည်ဟု ရန်ကုန်မြို့တော်စည်ပင်၊အခွန်ဌာနက အသိပေးခဲ့သည်။

ပုဂ္ဂလိက၊အများပိုင်ယာဉ်လိုင်းများမှအပ အခြား အငှားယာဉ်(Taxi)များဖြစ်သည့် CNG ဂတ်စ်ဖြင့်မောင်းနှင်သော အငှားယာဉ်များတွင် ၀ ဒသမ ၅ ကီလိုမီတာလျှင် ၃ ဒသမ ၀၀ ရာခိုင်နှုန်း၊ ၁ ဒသမ ၀ ကီလိုမီတာလျှင် ၅ ဒသမ ၀၀ ရာခိုင်နှုန်း၊ ၂ ဒသမ ၀ ကီလိုမီတာလျှင် ၈ ဒသမ ၅၀ ရာခိုင်နှုန်းအား အခွန်အဖြစ်ပေးဆောင်ရမည်ဖြစ်သည်။

စက်သုံးဆီဖြင့်မောင်းနှင်သော အငှားယာဉ်များတွင် ၀ ဒသမ ၅ ကီလိုမီတာလျှင် ၂ ဒသမ ၀၀ ရာခိုင်နှုန်း၊ ၁ ဒသမ ၀ ကီလိုမီတာလျှင် ၃ ဒသမ ၅၀ ရာခိုင်နှုန်း၊ ၂ ဒသမ ၀ ကီလိုမီတာလျှင် ၆ ဒသမ ၅၀ ရာခိုင်နှုန်းအား အခွန်အဖြစ်ပေးဆောင်ရမည်ဖြစ်သည်။

သတ်မှတ်ထားသည့် အခွန်ပမာဏအား ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်မှုကြီးကြပ်ရေးကော်မတီ၌ အငှားယာဉ်မှတ်ပုံတင်ထားသည့် အငှားယာဉ်မောင်းများထံမှ သက်ဆိုင်ရာ အခွန်တာဝန်ခံက စစ်ဆေးကောက်ခံမည်ဖြစ်ကာ အုံနာအငှားဖြင့်မောင်းနှင်သော အငှားယာဉ် မောင်းများကို ကောက်ခံခြင်းမပြုဘဲသက်ဆိုင်ရာ အငှားယာဉ်ပိုင်ရှင်များထံမှ စစ်ဆေးကောက်ခံသွားမည်ဖြစ်သည်။

အခွန်ပေးဆောင်မှုတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ တောင်ဥက္ကလာပ၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ဒဂုံမြို့သစ်(တောင်ပိုင်း)၊ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ပုဇွန်တောင်၊ဗိုလ်တထောင်၊မြောက်ဥက္ကလာပ၊သင်္ဃန်းကျွန်း၊ ရန်ကုန်အ နောက်ပိုင်းခရိုင်ရှိ ကျောက်တံတား၊ကြည့်မြင်တိုင်၊စမ်းချောင်း၊ဆိပ်ကမ်း၊ဒဂုံ၊ပန်းဘဲတန်း၊ဗဟန်း၊လမ်းမတော်၊လသာ၊အလုံတို့မှ အဌားယာဥ်(Taxi)များ၏ အခွန်ပေးဆောင်မှုသည် ဧပြီ ၁၁ ရက်မှစတင်၍ အကျုံးဝင်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ဆိပ်ကြီးခနောင်တို၊တာမွေ၊ဒလ၊ဒေါပုံ၊မင်္ဂလာတောင်ညွန့်၊ရန် ကင်း၊သာကေတ၊ ရန်ကုန်မြောက်ပိုင်းခရိုင်ရှိ က မာရွတ်၊မင်္ဂလာဒုံ၊မရမ်းကုန်း၊ရွှေပြည်သာ၊လှိုင်၊လှိုင်သာယာ၊အင်းစိန်တို့မှ အဌားယာဥ်(Taxi) များ၏ အခွန်ပေးဆောင်မှုမှာလည်း ဧပြီ ၁၁ ရက်မှစတင်၍ပင် အကျုံးဝင်သည်ဟု အခွန်ဌာနက အသိပေးခဲ့သည်။

ပုဂ္ဂလိက အငှားယာဉ်လိုင်းလုပ်ငန်းရှင်များမှာ အခွန်စည်းကြပ်သည့်စနစ်ဖြင့် ပေးဆောင်ရန်မလိုဘဲ ရန်ကုန်မြို့၊မြန်မာ့စီးပွားရေးဘဏ်ဘဏ်ခွဲ(၅)ရှိ ရန်ကုန်မြို့တော်စည်ပင်၊အခွန်ဌာန၏ ငွေစာရင်းအမှတ်၊ အမ်ဒီ ၀၀၁၄၇၃ သို့ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here