လ မြေသားကို အသုံးပြု၍ လပေါ်အခြေစိုက်စခန်း တရုတ်တည်ဆောက်မည်

0
132

လ မြေသားဖြင့်ပြုလုပ်ထားသော အုတ်များဖြင့် လပေါ်တွင် အခြေစိုက်စခန်းတစ်ခုကို ၅ နှစ်အတွင်း စတင်တည်ဆောက်ရန်တရုတ်နိုင်ငံက စီစဉ်နေကြောင်း အဆိုပါစီမံကိန်းနှင့် ဆက်စပ်သော သိပ္ပံပညာရှင်များက ပြောသည်။

လ မြေသားဖြင့်ပြုလုပ်သော ပထမဆုံး အုတ်ကို ၂၀၂၈ ခုနှစ် ချန်အိ လဆင်းမစ်ရှင်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဟွာကျုံးတက္ကသိုလ်သိပ္ပံနှင့် နည်းပညာဌာနမှ ထိပ်တန်းသိပ္ပံပညာရှင် တင်လီယွန်းကပြောသည်။

အဆိုပါ လအခြေစိုက်စခန်းတွင် နျူကလီးယားစွမ်းအင်ကိုအသုံးပြုနိုင်ဖွယ်ရှိပြီး လိုအပ်သည်တို့အားလုံးကို ချန်အိ ၆၊ ၇၊ ၈ လဆင်းမစ်ရှင်များတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းကဆိုသည်။

“နောက်ဆုံးမှာတော့ လပေါ်မှာနေထိုင်ဖို့ဆိုတာဟာ လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အာကာသစူးစမ်းရှာဖွေမှုမျှသာမက၊ အာကသဆိုင်ရာပါဝါတစ်ခုအနေနဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ လိုအပ်ချက်ပါပဲ”ဟု တန်လီယွန်းက သီးခြားအင်တာဗျူးတစ်ခုတွင်ပြောသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင်ကျင်းပသော သိပ္ပံညီလာခံတစ်ခုတွင် ဆွေးနွေးတင်ပြမှုများအရ ယခု စီမံကိန်းပေါ်ပေါက်လာရခြင်းဖြစ်ကြောင်းသိရသည်။ သို့ရာတွင် လအခြေစိုက်စခန်းတစ်ခုလုံးကို လမြေသားမှပြုလုပ်သည့် အုတ်များဖြင့်သာ တည်ဆောက်မည်/မတည်ဆောက်မည်ဆိုခြင်းကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးချ။

Ref: China to use moon soil to start building lunar base


LEAVE A REPLY

Please enter your comment!
Please enter your name here