နေပြည်တော်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အား နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ဖွင့်လှစ်

0
267

နေပြည်တော်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အား ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့)နံနက် ၉ နာရီက နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်တာဝန်ရှိသူများတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နစက ဒု-ဝန်ကြီးချုပ် ကာကွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နစက ဒု-ဝန်ကြီးချုပ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း ၊နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊မြို့တော်ဝန်ဦးတင်ဦးလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့ပြင် တေးသံရှင်များနှင့်ယိမ်းအကအဖွဲ့ ၆၄၀ ဦးတို့ကလည်း သီဆိုဖျော်ဖြေခဲ့ကြပြီး လာရောက်ကြည့်ရှုသူများ၊ရေပက်ခံလာရောက်သူများနှင့် နေပြည်တော်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်တွင် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here