ဝိုင်းမော်မြို့နယ်တွင် နေအိမ်တစ်လုံးမီးလောင်ပျက်စီးဆုံးရှုံး

0
115

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်၊အမှတ်(၄)ရပ် ကွက်ရှိ နေအိမ်တစ်လုံးတွင် ဧပြီ ၁၃ ရက်ည ၁၂ နာရီ ၁၃ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုအား ဝိုင်းမော်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊စည်ပင်သာယာရေးအဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအ သင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၁၂ နာရီခွဲ၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

“မီးသတ်ကားက ၂ စီး ကျန်တာကရေသယ််ကားတွေပေါ့ အားလုံးဝိုင်းငြှိမ်းလိုက်လို့ ဘေးကိုကူးစက်တာမရှိဘူး မီးလောင်တဲ့အိမ်ကတော့ တစ်အိမ်လုံးပျက်စီးဆုံးရှုံးသွားပါတယ် ဖြစ်စဥ်ကို တာဝန်ရှိတဲ့လူတွေစစ်ဆေးနေကြတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here