အိန္ဒိယ၌ လပေါင်းများစွာအတွင်း နေ့စဉ်ကိုဗစ်ဖြစ်ပွားမှု တစ်သောင်းကျော်အထိ ပထမဆုံးအနေဖြင့် မြင့်တက်

0
100

နူးဒေလီ၊ဧပြီ ၁၃

ကာကွယ်ဆေးများထိုးထားခြင်းကြောင့် သေဆုံးမှု လျော့ကျသွားသော်လည်း အိန္ဒိယနိုင်ငံ၌ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်း ဆက်လက်မြင့်တက်နေ ကြောင်းသိရသည်။ 

ကမ္ဘာ့ပဉ္စမစီးပွားရေး အင်အား အကြီးဆုံး ဖြစ်သည့်အိန္ဒိယသည် ကြာသပတေးနေ့၌ ကိုဗစ်ကူးစက်ခံရသူ ၁၀,၁၅၈ ဦးထိရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။

လက်ရှိအချိန်၌ အိန္ဒိယတွင် ကိုဗစ်ဖြစ်ပွားမှုပေါင်း ၄၄,၉၉၈ ခုအထိရှိကြောင်းသိရှိရသည်။ယင်းနောက်ကိုဗစ်သည် အိန္ဒိယ၌ ဒေသအလိုက်အစုလိုက်အပြုံလိုက်ဖြစ်ပွားနိုင်သည့်အခြေနေသို့ ရွေ့လျားနေသည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

အာဏာပိုင်များ၏ပြောကြားချက်အရ ကိုဗစ်ရောဂါဖြစ်ပွားမှုတိုးလာသော်လည်း ဆေးရုံတက်ကုသခြင်းမျိုးနည်းပါးနေပြီး နိုင်ငံ၏ဒေသအများစုတွင် ကာကွယ်ဆေးထိုးနှံထားခြင်းကြောင့်လည်း ဆေးရုံတက်ကုသရမှု ဆက်လက်ကျဆင်းနိုင်သည်ဟုမျှော်လင့်ထားကြကြောင်းသိရသည်။

အိန္ဒိယ၌ ယခုနှစ်ဇန်နဝါရီလအထိ နေ့စဥ်ကူးစက်နှုန်းသည် ၁၂၀ မှ ၁၄၀ အထိသာရှိခဲ့ရာမှ ဧပြီ ၁၃ ရက်ကြာသပတေးနေ့တွင်မူ ပထမဆုံးအနေဖြင့် တစ်သောင်းကျော်သွားခဲ့သည်ဟုလည်းသိရှိရသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here