မိုင်းဆတ်မြို့တွင် ဘိန်းဖြူချက်လုပ်သည့်စခန်း ဖော်ထုတ် သိမ်းဆည်း ရမိ

0
147

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် ဘိန်းဖြူချက်လုပ်သည့်စခန်း ဖော်ထုတ် သိမ်းဆည်း ရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ နမ့်ခမ်း(၁)အပေါ် ကျေးရွာ၏ အနောက်ဘက်(၄)မိုင်ခန့်အကွာရှိ လျှိုအတွင်းတွင် မူးယစ်ဆေးဝါးချက်လုပ်နေကြောင်း သတင်းရရှိသည့်အတွက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ရှာဖွေမှုများပြုလုပ်ခဲ့သည်။

ထိုသို့ ရှာဖွေရာ ၎င်းလျှိုအတွင်းရှိ မိုးကာတဲ ၄ လုံးအတွင်း၌ ဘိန်းဖျော်ရည် ၆၀ လီတာ၊ ထိန်းချုပ်ဓာတုပစ္စည်း အီသိုင်း အီသာ ၈၀ လီတာနှင့် အခြားဓာတုပစ္စည်းများဖြစ်သည့် Benzene ၆၀ လီတာ၊ ဆိုဒီယမ်ကာဗွန်နိတ် ၃ ကီလို၊ ဆိုဒီယမ်နိုက်ထရိတ် ၄ ကီလို၊ ပိုတက်ဆီယမ် ၁၅ ကီလိုနှင့် ဘိန်းဖြူချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဘိန်းဖြူချက်လုပ်သည့်စခန်းတွင် ပိုင်ရှင်မဲ့သိမ်းဆည်း ရမိသည်များကို ဥပဒေအရ အရေးယူထားရှိပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး အတွက် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here