ရှုခင်းသာလမ်းမကြီးပေါ်တွင် အိမ်စီးကားမှ လမ်းဘေးသစ်ပင်ဝင်တိုက်ကာ နေအိမ်ပေါ်သို့ပြုတ်ကျသွားခဲ့

0
201

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ရှုခင်းသာလမ်းမကြီးပေါ်ရှိ MOGE ဝင်းအရှေ့တွင် ဧပြီ ၁၄ ရက် (ယနေ့)နံနက် ၉ နာရီ ၅၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ရှုခင်းသာလမ်းမကြီးအတိုင်း မောင်းနှင်လာသည်သည့် အိမ်စီးကားသည် အရှိန်မထိန်းနိုင်ဘဲလမ်းဘေးရှိသစ်ပင်အားဝင်တိုက်မိပြီးနောက် လမ်းဘေးသို့ထပ်မံထိုးကျပြီး နေအိမ်ပေါ်သို့ကျပြီးရပ်တန့်သွားခဲ့ကြောင်း သိရသည်။

“ဖြစ်စဥ်မှာ လူနာ ၂ ယောက်ရှိတယ် ၂ ယောက် လုံးက အသက်(၄၀)ဝန်းကျင်တွေပဲ အမျိုးသားတွေပါ၊ ကုသမှုပဲလုပ်ပေးခဲ့ရပါတယ် ဆေးရုံမပို့ပေးခဲ့ရပါဘူး အိမ်စီးကားကို ကရိန်းနဲ့ဆွဲထုတ်ခဲ့ရပါတယ်, ကားနဲ့ဝင်တိုက်မိတဲ့အရှိန်ကများတဲ့အတွက် သစ်ပင်ပါကျိုးသွားတယ်”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
Photo-သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here