သင်္ကြန်အလှူအဖြစ် သောက်သုံးရေသန့်ဂါလံ ၂၀၀၀ ကျော်အား နေပြည်တော်ရှိကျေးရွာ(၃)ရွာတွင်ဆုလာဒ်ပိုင်မိသားစုမှလှူဒါန်း

0
114

နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်ရှိ သောက်သုံးရေရှားပါးနေသည့် ရွှေညောင်ပင်၊ရေပြနှင့်ကျောက် ကုန်းကျေးရွာတို့ရှိ အိမ်ခြေ ၂၀၀ ကျော်အတွက် “ဆုလာဘ်ပိုင်”မိသားစုမှ သောက်သုံးရေသန့်ဂါလံ ၂၀၀၀ ကျော်အား ဧပြီ ၁၄ ရက်(ယနေ့)တွင် သွားရောက်လှူဒါန်းခဲ့သည်။

“လိုအင်ဖြည့် ကာလဒါနရေအလှူအဖြစ် ရေရှားပါးမှုအခက်အခဲကြောင့် သောကရောက်ပူပန်နေကြသူတွေအတွက် လိုအပ်နေတဲ့သောက်သုံးရေသန့်တွေကိုလှူဒါန်းပေးရင်း သူတို့လေးတွေအေးချမ်းအမောပြေသွားကြတာတွေ့မြင်ရလို့ ဝမ်းသာကြည်နူးရပါတယ်”ဟု “ဆုလာဘ်ပိုင်”ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဦးအောင်ဘိုဘိုက ပြောသည်။

ထို့ပြင် ရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသည့် ကျေးရွာများကိုလည်း သောက်သုံးရေသန့်များ ထပ်မံသွားရောက်လှူဒါန်းပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here