မွန်တာနာပြည်နယ်အတွင်း Tiktok ပိတ်ပင်မည့် ဥပဒေမူကြမ်းအား ပြည်နယ်လွှတ်တော်အမတ်များ အတည်ပြု

0
139

အမေရိကန်နိုင်ငံ မွန်တာနာပြည်နယ်၏ လွှတ်တော်အမတ်များသည် ၎င်းတို့၏ ပြည်နယ်အတွင်း Tiktok အသုံးပြုခွင့်နှင့် ဒေါင်းလုဒ်ဆွဲခွင့်ကို ပိတ်ပင်မည့် ဥပဒေမူကြမ်းအား ဧပြီလ ၁၄ ရက် သောကြာနေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

မွန်တာနာလွှတ်တော်အတွင်း မဲခွဲကြရာ ထောက်ခံမဲ ၅၄ မဲ၊ ဆန့်ကျင်မဲ ၄၃ မဲဖြင့် ထိုဥပဒေမူကြမ်းအား အတည်ပြုခဲ့ခြင်းဖြစ်သည်။ SB 419 ဟုခေါ်သော အဆိုပါ ဥပဒေမူကြမ်းသည် မွန်တာနာပြည်နယ်ရှိ မိုဘိုင်း အက်ပ်စတိုးများအား ဒေသခံများထံ Tiktok ဒေါင်းလုဒ် ဆွဲခွင့်ပေးနေခြင်းမှ လုံးဝ တားမြစ်သွားမည် ဖြစ်သည်။ 

ထိုဥပဒေမူကြမ်းသာ တရားဝင် ဥပေဒ ဖြစ်လာပါက Tiktok အပြင် မိုဘိုင်းအက်ပ်စတိုးများကို ဦးစီးနေသော အက်ပဲလ်နှင့် ဂူဂဲလ်တို့သည် အဆိုပါ စည်းကမ်းချက်များကို ချိုးဖောက်လာလျှင် ဒဏ်ရိုက်ခံရမည်ဖြစ်သည်။

ယခုလက်ရှိတွင်မူ အဆိုပါ ဥပဒေမူကြမ်းအား မွန်တာနာ ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရတ် ဂျီယန်ဖော့တေးထံ လက်မှတ်ရေးထိုးပေးရန်အတွက် ပေးပို့ထားသည်။ သူသာ လက်မှတ်ရေးထိုးခဲ့ပါက ထိုဥပဒေသည် နောက်နှစ် ဇန်နဝါရီလလောက်တွင် စတင် အကျိုး သက်ရောက်သွားမည်ဟု သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here