ကားချင်းပွတ်တိုက်မိရာမှ စကားများပြီး သေနတ်ဖြင့်ပစ်ခတ်၍ ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့မှု
တာချီလိတ်မြို့တွင်ဖြစ်ပွား

0
200

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ဆန်ဆိုင်း(က)ရပ်ကွက်၊ပုံလို့လမ်းတွင် ဧပြီ ၁၅ ရက်(ယနေ့)နံနက်အစောပိုင်း ၂ နာရီခွဲခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၊ဆန်ဆိုင်း(က) ရပ်ကွက်၊ပုံလို့လမ်းပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှထွက်လာသည့်ကားနှင့်ပုံလို့လမ်းအတိုင်းမောင်းနှင်လာသည့်ကားတို့ ပွတ်တိုက်မိခဲ့ပြီး စကားများရန်ဖြစ်ရာမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

“စကားများနေတဲ့အချိန် ကားတစ်စီးကမောင်းတဲ့လူရဲ့ သူငယ်ချင်းတွေရောက်လာပြီး သေနတ် ၂ လက်နဲ့တစ်ဖက်လူတွေကိုပစ်တာလို့ အကြမ်းဖျဥ်းသိထားပါတယ်၊ အတိအကျကို ရဲတပ်ဖွဲ့ကစစ်ဆေးနေသလို ပြစ်မှုကျူးလွန်သွားတဲ့လူတွေကိုဖမ်းဆီးရမိဖို့အတွက်လည်း လုပ်နေကြတယ်”ဟု တာချီလိတ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းဝက်တစ်ဦးကပြောသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် စားသောက်ဆိုင်အနီးရှိ အမျိုးသား ၁ ဦးမှာကျည်ထိမှန်ပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကာ အမျိုးသား ၄ ဦးတွင်လည်း ကျည်ထိမှန်ဒဏ်ရာများ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)များရရှိခဲ့ကြသဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရှမ်းအရှေ့သတင်းမဏ္ဍိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here