ဓာတ်အားပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်မည်ဖြစ်သည့်အတွက် ရန်ကုန်ရှိမြို့နယ်အချို့မီးပျက်မည်

0
481

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်းရှိ အလုံ (CECC) ဓာတ်အားပေးစက် မောင်းနှင်ချိတ်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် 66kV Bus Shut Down အားလုပ်ငန်းဆောင်ရွက်မည်ဖြစ်သည့်အတွက် မြို့နယ်အချို့မီးပျက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ ၁၅ ရက်နေ့လည် (၁၂:၀၀) နာရီ မှ (၁၄:၀၀) နာရီအချိန်ထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းဆောင်ရွက်နေစဉ်အချိန်အတွင်း အလုံ၊ လမ်းမတော်၊ ဒဂုံ ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ကမာရွတ်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ရန်ကင်း၊ တောင်ဥက္ကလာပ မြို့နယ်များ၏ နေရာအချို့တို့တွင် အချိန်ပိုင်းယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်းနှင့် အရေးကြီးနေရာများဓာတ်အားပြတ်တောက်မှုမရှိစေရန် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here