မြန်မာနိုင်ငံသား ၁ ဦး ကွန်ကရစ်လောင်းသည့် ဘင့် များပိ၍သေဆုံး

0
110

မလေးရှားနိုင်ငံ၊ကွမ်တန်းမြို့တွင် မြန်မာနိုင်ငံသား ကိုသိန်းချစ်(၃၆)နှစ်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အလုပ်လုပ်ကိုင်နေစဥ် ကွန်ကရစ်လောင်းသည့် ဘင့် ပိ၍သေဆုံးသွားခဲ့သည်ဟု နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။

ကိုသိန်းချစ်သည် မလေးရှားနိုင်ငံသို့ ဆောက်လုပ်ရေးလုပ်သားအဖြစ်လာရောက်လုပ်ကိုင်နေသည်မှာ တစ်လမပြည့်သေးဘဲ လုပ်ငန်းခွင်အတွင်း၌ ကွန်ကရစ်လောင်းသည့် ဘင့် များအားဖြုတ်နေရာမှ ရုတ်တရက်ပြတ်ကျပိမိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းအား ကွမ်တန်းမြို့ဆေးရုံကြီးမှတဆင့် ကွမ်တန်းမြို့သုဿန်သို့ ဧပြီ ၁၂ ရက်နေ့လည် ၁ နာရီတွင် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ- မလေးရှား)မှ ပို့ဆောင်ပေးခဲ့ကြသည်။

ကိုသိန်းချစ်သည် မြန်မာနိုင်ငံ မကွေးတိုင်း၊ပေါက်မြို့နယ်၊ထောက်ရှာပင်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here