မော်လမြိုင်ကျွန်းမြို့ရှိ အောင်သာယာစျေးတွင် မီးလောင်မှုဖြစ်

0
187

ဧရာဝတီတိုင်း၊မော်လမြိုင်ကျွန်းမြို့နယ်ရှိ အောင်သာယာစျေးတွင် ဧပြီ ၁၅ ရက်(ယနေ့)ည ၈ နာရီ ၂၁ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန် မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှာ သိရသည်။

မီးလောင်မှုအား မော်လမြိုင်ကျွန်းမြို့နယ်မီးသတ်စခန်း၊မအူပင်မြို့နယ်မီးသတ်စခန်း၊ဝါးခယ်မမြို့ နယ်မီးသတ်စခန်း၊ဘိုကလေးမြို့နယ်မီးသတ်စ ခန်း၊ရေလဲနယ်မြေမီးသတ်စခန်းနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၈ နာရီ ၃၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“မီးလောင်တဲ့အချိန်နဲ့ငြှိမ်းသတ်ခဲ့တဲ့အချိန်ကခနလေးပဲ မီးလောင်အားကတော့အရမ်းများတယ် မီးငြိမ်းသွားပေမယ့် စောင့်ကြည့်နေရသေးတယ် ကျွန်တော်တို့အခုထိလောင်ပြင်မှာပဲရှိသေးတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here